Snapdragon 8 Gen 1 ပါတဲ့ Vivo X Fold ကို ကြေညာ

Vivo ဟာ သူ့ရဲ့ ပထမဆုံး Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ Vivo X Fold လို့ နာမည်ပေးထားပြီး ၆.၅၃ လက်မ အပြင်ဘက် AMOLED မျက်နှာပြင်နဲ့ ၈.၀၃ လက်မ 1800x2200p LTPO2 AMOLED E5 ခေါက်ချိုး မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ၂ ခုစလုံးမှာ 120Hz Refresh Rate နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။

vivo X Fold arrives with Snapdragon 8 Gen 1, flagship cameras - GSMArena.com news

ခေါက်ချိုး မျက်နှာပြင်မှာ SCHOTT UTG သုံးထားပြီး Display Mate ရဲ့ A+ သတ်မှတ်ချက် ရထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၂ ခုကို မျက်နှာပြင် ၂ ခုစလုံးအတွက် သုံးထားပြီး Ultrasonic အမျိုးအစား ဖြစ်ပါတယ်။

The folding Vivo X Fold is a reality: the Zeiss camera, a dual fingerprint sensor

Snapdragon 8 Gen 1 Chip မောင်းနှင်ထားပြီး 12GB RAM ပါပါတယ်။ 4,600mAh ဘက်ထရီ ပါလာပြီး 66W Wired Charging က ၃၇ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ 50W Wireless နဲ့ 10W Reverse Wireless Charging တွေလည်း ထည့်သွင်းထားပါတယ်။

ကင်မရာတွေက စွမ်းရည်မြင့်မားပြီး 50MP Main (OIS) , 12MP Zoom (5x Periscope Zoom , 60x Digital Zoom), 48MP 114 Degree Ultrawide ကင်မရာတွေ ဖြစ်ပါတယ်။ ကင်မရာတွေကို Zeiss နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အတွင်းဘက်နဲ့ အပြင်ဘက်မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံးစီ ထည့်သွင်းထားပါတယ်။

အတွင်းဘက် မျက်နှာပြင်မှာ App ၂ ခုကို ဘေးချင်းယှဉ် သုံးနိုင်ပြီး တစ်ချိန်ထဲမှာပဲ Floating Window ကိုလည်း သုံးနိုင်ပါတယ်။ Vivo X Fold အတွက် အနက်၊ အပြာနဲ့ အညိုရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ၈,၉၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၂၆ သိန်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: