Airbus က ဟင်းချက်ဆီနဲ့ ဖန်တီးထားတဲ့ လောင်စာဆီနဲ့ ပထမဆုံး အကြိမ် လေယာဉ် စမ်းသပ်ပျံသန်း

ကမ္ဘာ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်မှုရဲ့ ၃ ရာခိုင်နှုန်း ရှိတဲ့ လေကြောင်းနယ်ပယ်ဟာ ကမ္ဘာကြီး ပူနွေးလာတာကို လျှော့ချဖို့ ၂၀၅၀ ခုနှစ်မှာ ကာဘွန် လုံးဝ မထုတ်လုပ်အောင် ကြိုးစားနေပါတယ်။ အဲဒီ ရည်မှန်းချက်အောင်မြင်အောင် အသုံးပြုပြီးသား ဟင်းချက်ဆီ၊ စွန့်ပစ်ပစ္စည်းနဲ့ အပင်တွေလို ပြန်လည်ဖြည့်တင်းနိုင်တဲ့ အရင်းအမြစ်တွေကနေ ဖန်တီးထားတဲ့ Sustainable Aviation Waste (SAF) တွေကို အသုံးပြုရမှာပါ။

Newsroom | Airbus

လေကြောင်း ကုမ္ပဏီတွေဟာ ၁၀၀ ရာခိုင်နှုန်း SAF ကို အသုံးပြုနိုင်တဲ့ ခရီးသည်တင် လေယာဉ် အင်ဂျင်တွေကို စမ်းသပ်နေပါတယ်။ အဲဒီအထဲမှာ Airbus လည်း ပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်း SAF နဲ့ A380 Jumbo Jet လေယာဉ်ကို ပထမဆုံး အကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။

Airbus and CFM International to pioneer hydrogen combustion technology | Airbus

Airbus A380 ဟာ မတ်လ ၂၅ ရက်နေ့မှာ ပြင်သစ်နိုင်ငံ Blagnac လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး ၃ နာရီကြာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ Rolls-Royce Trent 900 အင်ဂျင်ကို ၁၀၀ ရာခိုင်နှုန်း SAF လောင်စာဆီ ၂၇ နဲ့ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ် စမ်းသပ်မှုကို မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး SAF သုံးကာ လေယာဉ် အတက်၊ အဆင်း လုပ်တာကို စမ်းသပ်ခဲ့တာပါ။

Ref : inceptivemind

%d bloggers like this: