Elon Musk က ကိုယ်ပိုင် လူမှုကွန်ရက် တည်ထောင်ဖို့ စဉ်းစားနေတယ်လို့ ပြော

Tesla နဲ့ SpaceX CEO Elon Musk က ကိုယ်ပိုင် လူမှုကွန်ရက် တည်ထောင်ဖို့ စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ Musk က “ ဒီမိုကရေစီ ကောင်းစွာ လည်ပတ်ဖို့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ဟာ အရေးကြီးပါတယ်။ တွစ်တာဟာ အဲဒီ မူဝါဒနဲ့ ကိုက်ညီပါသလား? “  လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Elon Musk Giving'Serious Thought' to Building Social Media Platform

နောက်ထပ် ပို့စ် ၁ ခုမှာ သူက “ တွစ်တာဟာ အများပြည်သူ ပိုင်တဲ့ နေရာ ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် မရှိတာက ဒီမိုကရေစီ တန်ဖိုး ကျစေပါတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ? “ လို့ ရေးသားခဲ့ပါတယ်။

Elon Musk says US is trying to'chill' his free speech - BBC News

“PPathole” အမည်ရ တွစ်တာ သုံးစွဲသူ တစ်ယောက်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိတဲ့ လူမှုကွန်ရက် အသစ် ၁ ခု တည်ထောင်ချင်သလားလို့ Musk ကို မေးမြန်းရာမှာ သူက အလေးအနက် စဉ်းစားနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိတဲ့ လူမှုကွန်ရက်ကို တည်ထောင်ချင်နေတာ Musk တစ်ယောက်ထဲ မဟုတ်ပါဘူး။ ယခင် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ဖေဖော်ဝါရီလမှာ Truth Social လူမှုကွန်ရက်ကို မိတ်ဆက်ခဲ့ပါတယ်။ Musk ဟာ Facebook နဲ့ တွစ်တာတို့ကို ယှဉ်ပြိုင်မယ့် လူမှုကွန်ရက် တည်ထောင်တော့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : businessinsider

%d bloggers like this: