144Hz FHD+ AMOLED နဲ့ 120W Charging ပါတဲ့ Black Shark 5, 5 RS နဲ့ 5 Pro ကို ကြေညာ

Black Shark က တရုတ်မှာ 5, 5 RS နဲ့ 5Pro Gaming ဖုန်း ၃ လုံးကို ကြေညာလိုက်ပါတယ်။ ဖုန်း အားလုံးမှာ ၆.၇ လက်မ 144Hz FHD+ AMOLED မျက်နှာပြင်တွေ တပ်ဆင်ထားပါတယ်။ 5 မှာ Snapdragon 870 ၊ Pro မှာ Snapdragon 8 Gen 1 နဲ့ 5 RS မှာ Snapdragon 888+ or 888 Chipset တွေ ထည့်သွင်းထားပါတယ်။

ဖုန်း အားလုံးမှာ VC Cooling ပါလာပြီး Pro မှာတော့ Anti-gravity Dual VC Liquid Cooling System အပို ထည့်သွင်းထားပါတယ်။

Black Shark 5 နဲ့ 5 Pro မှာ 4,650mAh Dual-cell ဘက်ထရီ တပ်ဆင်ထားပြီး 120W Fast Charging ထောက်ပံ့ထားပါတယ်။ 5 RS မှာလည်း 120W Charging ပါပေမယ့် ပိုသေးတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။ RS မှာ Z-axis Linear Motor နဲ့ တခြား ဖုန်း ၂ လုံးမှာ X-axis Motor ပါလာပါတယ်။

Pricing and availability

  • Black Shark 5: 8GB+128GB: 2799 yuan (US$ 440 / Rs. 33,410 approx.), 12GB+128GB: 2999 yuan (US$ 472 / Rs. 35,810 approx.), 12GB+256GB: 3299 yuan (US$ 519 / Rs. 39,390 approx.)
  • Black Shark 5 RS: 8GB+256GB SD888 : 3299 yuan (US$ 519 / Rs. 39,390 approx.), 12GB+256GB SD888+: 3799 yuan (US$ 598 / Rs. 45,340 approx.)
  • Black Shark 5 Pro: 8GB+256GB: 4199 yuan (US$ 661 / Rs. 50,120 approx.), 12GB+256GB : 4699 yuan (US$ 740 / Rs. 56,090 approx.), 16GB+512GB: 5499 yuan (US$ 866 / Rs. 65,640 approx.)

 

တရုတ်မှာ ဧပြီလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: