၂ ထပ်တိုက် အရွယ်အစားရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ကား

ကား ဝါသနာရှင် Sheikh Hamad Bin Hamdan Al Nahyan ဟာ ကမ္ဘာ့ အကြီးမားဆုံး Hummer H1 ကားကို ပိုင်ဆိုင်ထားပါတယ်။ ၂၁ ပေ အမြင့်ရှိပြီး ၂ ထပ်တိုက် အရွယ်အစားရှိကာ ဘီးတွေ တပ်ထားတဲ့ အိမ်လို့တောင် ညွှန်းဆိုနိုင်ပါတယ်။

The World's Largest Hummer H1 is a two-story building on wheels

Hummer H1 X3 လို့ နာမည်ပေးထားပြီး ဒီလောက် ကြီးမားတဲ့ ကားဟာ မောင်းလို့ရသလားဆိုတော့ ရပါတယ်။ မြင့်မားတဲ့အတွက် ကားပေါ်တက်နိုင်တဲ့ လှေခါး ပါရှိပြီး ဧည့်ခန်းနဲ့ သန့်စင်ခန်းတွေလည်း ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့အတွက် ကျဉ်းမြောင်းတဲ့ လမ်းတွေမှာတော့ မောင်းနှင်လို့ မရဘဲ UAE က Sharjah Off Road History Museum မှာ ပြသထားပါတယ်။

The World's Largest Hummer H1 is a two-story building on wheels

ကားဟာ ၄၆ ပေ အရှည်၊ ၂၀ ပေ အကျယ်နဲ့ ၂၁.၆ ပေ အမြင့်ရှိပြီး ရိုးရိုး Hummer H1 ထက် ၃ ဆ ပိုကြီးမားကာ ထုထည်က ၂၇ ဆ ပိုကြီးမားတယ်လို့ ပြတိုက်က ပြောပါတယ်။

The World's Largest Hummer H1 is a two-story building on wheels

Sheikh Hamad Bin Hamdan Al Nahyan ကို Rainbow Sheikh လို့ သိကြပြီး တော်ဝင် မိသားစုဝင် ဘီလီယမ်နာ သူဌေး ၁ ဦး ဖြစ်ပါတယ်။

Hummer H1 X3 မှာ ဒီဇယ် အင်ဂျင် ၄ လုံး ပါပြီး အမြန်ဆုံး အနေနဲ့ 19mph မောင်းနှင်နိုင်ပါတယ်။ ကားအတွင်းပိုင်းကိုတော့ တည်ဆောက်နေဆဲ ဖြစ်ပြီး ပထမထပ်မှာ အိမ်သာနဲ့ လက်ဆေးကန်၊ ဒုတိယထပ်မှာ ဧည့်ခန်း ပါရှိပါတယ်။

Ref : interestingengineering

%d bloggers like this: