၁ သိန်းကျော်ပဲ ရှိတဲ့ Redmi 10A ကို ကြေညာပြီ

Xiaomi က Redmi 10 နဲ့ Redmi 10C ကို ကြေညာပြီးနောက်မှာ အခုတော့ Redmi 10A ကို ပွဲထုတ်လိုက်ပါပြီ။ ဒီဇိုင်းက တခြား Redmi 10 Series တွေနဲ့ တူညီပေမယ့် အတွင်းပိုင်းအစိတ်အပိုင်းတွေ ကွဲပြားပါတယ်။ Redmi 10A ရဲ့ တန်ဖိုးအနည်းဆုံး 4/64GB ကို ၁၀၂ ဒေါ်လာ၊ 4/128GB ကို ၁၂၅ ဒေါ်လာနဲ့ 6/128GB ကို ၁၄၁ ဒေါ်လာာ သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၈၀,၀၀၀ ကျပ်ပဲရှိပါတယ်။

Redmi 10A

Moonlight Silver, Smoke Blue နဲ့ Shadow Black ၃ ရောင် ထုတ်လုပ်ထားပြီး မတ်လ ၃၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Redmi 10A မှာ ၆.၅၃ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 5MP ဆဲလ်ဖီး ကင်မရာကို Notch မှာ ထည့်သွင်းထားကာ အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံးထဲ ပါပါတယ်။ Dual-SIM ထောက်ပံ့ပြီး MediaTek Helio G25 SoC မောင်းနှင်ထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Redmi 10A

10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး နားကြပ်ပေါက်၊ အားသွင်းဖို့နဲ့ ဒေတာ ကူးပြောင်းဖို့ micro-USB Port တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android OS အခြေပြု MIUI 12.5 မောင်းနှင်ထားပါတယ်။

Ref : gizmochina

%d bloggers like this: