Fleetzero က ခရီးဝေးသွားနိုင်တဲ့ လျှပ်စစ် ကုန်တင် သင်္ဘောတွေကို တည်ဆောက်နေ

ကမ္ဘာ့ ကာဘွန် ထုတ်လုပ်မှုရဲ့ ၂.၅ ရာခိုင်နှုန်းဟာ သင်္ဘောတွေကြောင့် ဖြစ်ပါတယ်။ နယူးအော်လင်း အခြေစိုက် ရေကြောင်း ကုမ္ပဏီ Fleetzero က ကာဘွန် ထုတ်လုပ်မှု မရှိစေတဲ့ လျှပ်စစ် ကုန်တင် သင်္ဘောတွေကို တည်ဆောက်နေပါတယ်။

China Just Launched the World's First Electric Cargo Ship

ကုမ္ပဏီက ခရီးဝေးသွားနိုင်တဲ့ ကုန်တင် သင်္ဘောတွေကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး ဘက်ထရီ လဲလှယ်တဲ့ စနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဘက်ထရီ ၁ ခုမှာ 2 MWh စွမ်းအင် သိုလှောင်မှု ပါတဲ့ ဘက်ထရီ စနစ် ၁ ခုကို ဖန်တီးထားပြီး ဘက်ထရီကို ပေ ၂၀ ၊ ၅ ပေ ရှိတဲ့ ကွန်တိန်နာထဲမှာ ထည့်သွင်းထားပါတယ်။ သင်္ဘောဟာ ဆိပ်ကမ်းကို ကပ်ပြီဆိုရင် ကွန်တိန်နာထဲက အားကုန်နေတဲ့ ဘက်ထရီကို အားပြည့်နေတဲ့ ဘက်ထရီနဲ့ လဲလှယ်မှာ ဖြစ်ပါတယ်။ တုန်ခါမှု ၊ ပွတ်တိုက်မှုနဲ့ ကမ္ဘာမြေ ဆွဲအားတို့ကို ခံနိုင်ရည်ရှိအောင် ဘက်ထရီကို ဖန်တီးထားပါတယ်။

World's first autonomous, 7MWh electric cargo ship to make voyage with zero crew onboard - Electrek

Fleetzero ဟာ သူ့ရဲ့ လစ်သီယမ် အိုင်းယွန်း Phosphate ဘက်ထရီ အသုံးပြုခွင့်ကို အာဏာပိုင်တွေထံကနေ တောင်းဆိုထားပြီး ပထမဆုံး ခရီးဝေး လျှပ်စစ် ကုန်တင် သင်္ဘောကို ၂၀၂၃ ခုနှစ်လယ်မှာ စမ်းသပ်ဖို့ စီစဉ်ထားကာ နောက်ပိုင်းမှာ သင်္ဘောတွေကို တိုးချဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်။

ဘက်ထရီ ကွန်တိန်နာကို ဖန်တီးထားသူတွေက လျှပ်စစ်နဲ့ သင်္ဘော မောင်းနှင်ရတာဟာ လောင်စာဆီသုံး အင်ဂျင်နဲ့ မောင်းနှင်ရတာထက် ပိုမို ရိုးရှင်းလွယ်ကူတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လောင်စာဆီ သိုလှောင်ကန်တွေ မလိုအပ်တဲ့အတွက် ကွန်တိန်နာတွေ ပိုမို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Ref : inceptivemind

%d bloggers like this: