Elon Musk က Cybertruck ကို ၂၀၂၃ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြော

Tesla ရဲ့ Cybertruck ကို ကြိုတင်မှာယူထားသူတွေအတွက် သတင်းကောင်းထွက်လာပါပြီ။ Tesla CEO Elon Musk က လျှပ်စစ် ထရပ်ကားကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

နောက်ဆုံး စာရင်းတွေအရ Tesla ဟာ ဒေါ်လာ ၈၀ ဘီလီယမ် တန်ကြေးရှိတဲ့ Cybertruck ကားအစီးရေ ၁.၂ သန်းအတွက် အမှာစာတွေရရှိထားပြီးပါပြီ။ ဒါပေမယ့် လက်ရှိမှာ အဲဒီကားတွေကို စတင် ထုတ်လုပ်ခြင်း မရှိသေးပါဘူး။

Elon Musk komt met een 'sick attachment' voor de Tesla Cybertruck

Tesla ဟာ လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက Cybertruck ကို စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ထုတ်လုပ်နေပြီးလောက်ပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ Model Y ထုတ်လုပ်မှုကို အာရုံစိုက်နေတဲ့အတွက် လျှပ်စစ် ထရပ်ကား ထုတ်လုပ်တဲ့ အစီအစဉ်ကို နောက်ဆုတ်ခဲ့ပါတယ်။

မထုတ်လုပ်သေးပေမယ့် ကြိုတင်မှာယူနိုင်တဲ့ အစီအစဉ်ကို ကုမ္ပဏီက ပြုလုပ်ပေးထားပြီး အဲဒီ အစီအစဉ်ဟာ တော်တော်အောင်မြင်နေပါတယ်။ စီအီးအို Elon Musk က ကားကို မိတ်ဆက်ပြီး ၁ ပတ်အတွင်းမှာပဲ အမှာစာ ၂၅၀,၀၀၀ ကျော် ရရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ကပ်ရောဂါ ဖြစ်နေပေမယ့် ၁ ပတ်လျှင် ထရပ်ကား မှာယူမှု ရာဂဏန်း ရှိခဲ့ပြီး ၂၀၂၀ ဇွန်လ စာရင်းအရ အမှာစာ ၆၅၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အခုလက်ရှိနောက်ဆုံးအချိန်အထိ အမှာစာ ၁,၂၇၀,၀၀၀ ကျော် ရှိနေပါပြီ။ Tesla အရင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ထရပ်ကားရဲ့ ပျမ်းမျှဈေးဟာ ဒေါ်လာ ၅၈,၀၀၀ ရှိပြီး လက်ရှိအမှာစာတွေအရဆိုရင် ဒေါ်လာ ၈၀ ဘီလီယမ်ဖိုးရှိနေပါပြီ။

အမှာစာတွေအရဆိုရင် Tesla ဟာ လျှပ်စစ် ထရပ်ကားဈေးကွက်မှာ ဦးဆောင်နေပေမယ့် တခြား ကုမ္ပဏီတွေကလည်း အဲဒီ ဈေးကွက်ထဲကို အပြိုင်အဆိုင် ဝင်လာနေကြပါပြီ။ Rivian ဟာ R1T လျှပ်စစ် ထရပ်ကားတွေကို စတင် ပို့ဆောင်နေပြီ ဖြစ်ပြီး GM ကလည်း နောက်လကုန်မှာ Hummer EV ထရပ်ကားကို ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ Ford က F-150 Lightning ကို ရောင်းချမှာပါ။

ဒါပေမယ့် ဘယ်သူက ပထမဆုံး လျှပ်စစ်ထရပ်ကားကို ရောင်းချနိုင်တယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ ဘယ်သူက များများ ထုတ်နိုင်ပြီး ရောင်းချနိုင်သလဲဆိုတာ အဓိက ကျပါတယ်။

Ref : interestingengineering

%d bloggers like this: