ပထမနေ့မှာတင် အလုံးရေ ၃၃၀,၀၀၀ ရောင်းချနိုင်ခဲ့တဲ့ Redmi K50 Series

Redmi K50 Series ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး ပထမဆုံး အသုတ်ကို တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။ Xiaomi က Redmi K50 နဲ့ Redmi K50 Pro တို့ကို ၅ မိနစ်အတွင်း အလုံးရေ ၃၃၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့ တရားဝင် ဝီဘို အကောင့်ကနေ ကြေညာလိုက်ပါတယ်။

Redmi K50 series sells in 330,000 units

ဖုန်း ၂ လုံးစလုံးရဲ့ ကိုယ်ထည်က တူညီပြီး အလေးချိန်ကလည်း တူညီပါတယ်။ ဒါပေမယ့် ကွဲပြားခြားနားချက် တချို့ရှိပြီး K50 Pro မှာ Dimensity 9000 Chipset ၊ 108MP Main ကင်မရာနဲ့ 5,000mAh ဘက်ထရီ(120W Fast Charging) တို့ ထည့်သွင်းထားပါတယ်။

K50 ဟာ ဈေးပိုသက်သာတဲ့အတွက် စွမ်းဆောင်ရည် ပိုနိမ့်တဲ့ Dimensity 8100 Chipset မောင်းနှင်ထားပါတယ်။ 48MP ကင်မရာနဲ့ 67W Charging ပဲ ထည့်သွင်းထားပေမယ့် ပိုကြီးမားတဲ့ 5,500mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။

တရုတ်မှာ ဒုတိယ အသုတ်ကို ဒီလ ၂၉ ရက်နေ့ ရောင်းချဖို့ စီစဉ်ထားပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: