ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ပထမဆုံး လျှပ်စစ်ကားကို ပြသတော့မယ်လို့ Xiaomi ရဲ့ ဘေဂျင်း- တီယန်ဂျင်း ဌာနက အထွေထွေ မန်နေဂျာ Luo Baojun က ပြောပါတယ်။ သူက အဲဒီ ကားဟာ ထူးခြား ဆန်းသစ်မယ်လို့လည်း ကတိပေးလိုက်ပါတယ်။
Xiaomi ဟာ အီလက်ထရစ်ကား နယ်ပယ်ထဲ ဝင်ရောက်မယ်လို့ ၂၀၂၁ ခုနှစ် အစောပိုင်းက ကြေညာခဲ့ပြီး နောက်မှာ Xiaomi EV Company Limited ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ Xiaomi က Xiaomi Automobile Technology Co. Ltd လို့ အမည်ပေးထားတဲ့ ဒုတိယ ကား ကုမ္ပဏီကို တည်ထောင်လိုက်ပါတယ်။ ဘေဂျင်းမှာ အဲဒီ ကား ကုမ္ပဏီကို မှတ်ပုံတင်လိုက်တာ ဖြစ်ပြီး အဲဒီ ကုမ္ပဏီကနေ အီလက်ထရစ် ကားနဲ့ ကား နည်းပညာတွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ ကားတွေ အမြောက်အများ ထုတ်လုပ်မယ်လို့ ပြောထားပြီးပါပြီ။
Xiaomi ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ Xiaomi EV Company Limited အီလက်ထရစ် ကားကုမ္ပဏီကို မှတ်ပုံတင်ခဲ့ပြီး လာမယ့် ၁၀ နှစ်အတွင်း အဲဒီ ကုမ္ပဏီမှာ ဒေါ်လာ ၁၀ ဘီလီယမ် ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီက မောင်းသူမဲ့ ကားနည်းပညာကို ဖန်တီးနေတဲ့ DeepMotion ကို ဝယ်ယူထားပြီးပြီ ဖြစ်ပြီး ကုမ္ပဏီအသစ်အတွက် ဝန်ထမ်းများကိုလည်း ငှားရမ်းနေပါတယ်။
Xiaomi ဟာ ကားတွေကို ကိုယ်တိုင် ထုတ်လုပ်မှာလား တခြား ကုမ္ပဏီတွေကို ထုတ်လုပ်ခိုင်းမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Xiaomi က နာမည်ကြီး ကားကုမ္ပဏီတွေကို သူ့ရဲ့ ကားတွေ ထုတ်လုပ်ကောင်းထုတ်လုပ်ခိုင်းလာနိုင်ပါတယ်။
Xiaomi ဟာ လက်ရှိမှာ ဒေါ်လာ ၁၇ ဘီလီယမ် ရင်းနှီးမြှပ်နှံနိုင်တဲ့ စွမ်းအား ရှိပြီး ဝန်ထမ်း ၁၀,၀၀၀ ကျော်တဲ့ သုတေသန ဌာနကို ပိုင်ဆိုင်ထားသလို ကမ္ဘာ့ ထိပ်တန်း ဖုန်း ကုမ္ပဏီ ၃ ခုကို တည်ထောင်ထားပါတယ်။ ကုမ္ပဏီက အဲဒီ အားသာချက်တွေကို အသုံးပြုကာ ကမ္ဘာ့ ထိပ်တန်း ကား ကုမ္ပဏီကို တည်ထောင်ချင်နေတာပါ
Ref : gizmochina