အလိမ်အညာ ကြော်ငြာတွေကြောင့် ဩစတြေးလျက Meta (Facebook) ကို တရားစွဲ

ဩစတြေးလျက အလိမ်အညာ ကြော်ငြာတွေကို Meta က မတားဆီးနိုင်ခဲ့တဲ့အတွက် တရားစွဲလိုက်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ နာမည်ကျော်ကြား လူသိများသူတွေက ထောက်ခံထားတဲ့ Cryptocurrency ဆိုပြီး လိမ်လည်ထားတဲ့ ကြော်ငြာတွေကို Facebook က ခွင့်ပြုကာ ပြသခဲ့လို့ ဖြစ်ပါတယ်။

Facebook wordt Meta en bouwt virtuele wereld, de metaverse | Computer Idee

ဩစတြေးလျရဲ့ စားသုံးသူ ကာကွယ်ရေး ကော်မရှင်က Meta ဟာ စားသုံးသူနဲ့ လုံခြုံရေး ဥပဒေတွေကို ချိုးဖောက်ကာ သတင်းအချက်အလက် အမှားတွေကို ပြသတဲ့အတွက် တရားစွဲလိုက်တာလို့ ပြောပါတယ်။ အဲဒီကြော်ငြာမှာ ပါတဲ့ နာမည်ကျော်ကြားလူသိများသူတွေက သူတို့ မထောက်ခံထားပါဘူးလို့ အသိပေးပြီးနောက်မှာတောင် Facebook က ကြော်ငြာကို မပိတ်ပင်နိုင်ခဲ့ဘူးလို့ ကော်မရှင်က ပြောပါတယ်။

Meta wil fysieke winkels openen voor VR-brillen' | RTL Nieuws

Meta က “ နည်းပညာကို အသုံးပြုကာ အလိမ်အညာ ကြော်ငြာတွေကို ရှာဖွေတားဆီးပါတယ်။ လူတွေရဲ့ ငွေကြေး ဆုံးရှုံးသွားစေမယ့် ကြော်ငြာတွေ၊ နားလည်မှုလွဲစေမယ့် ကြော်ငြာတွေကို အလိုမရှိဘဲ အဲဒီကြော်ငြာတွေဟာ ကုမ္ပဏီရဲ့ မူဝါဒတွေနဲ့ မကိုက်ညီပါဘူး။ သုံးစွဲသူတွေအတွက်လည်း မကောင်းပါဘူး။ “ လို့ ပြောပါတယ်။ Meta က ဩစတြေးလျ စားသုံးသူ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကော်မရှင်က “ အဲဒီ ကြော်ငြာမှာ ယခင် New South Wales ခေါင်းဆောင် Mike Baird နဲ့ စီးပွားရေး လုပ်ငန်းရှင် Dick Smith တို့ အပါအဝင် ဩစတြေးလျရဲ့ နာမည်ကြီးတွေ ပါပါတယ်။ အဲဒီ လူတွေဟာ ထောက်ခံအားပေးထားတာ မရှိပါဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။ “ လို့ ပြောပါတယ်။

ကော်မရှင်က ပြစ်ဒဏ်အတွက် တရားရုံးရဲ့ အမိန့်ကို စောင့်နေတယ်လို့ ပြောပါတယ်။

Ref : bangkokpost

%d bloggers like this: