စွန့်ပစ် ပလတ်စတစ်တွေကို လေယာဉ်ဆီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းပညာ

စွန့်ပစ် ပလတ်စတစ်တွေဟာ ပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ အပြင် လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အဲဒီအတွက် စွန့်ပစ် ပလတ်စတစ်တွေကို ပြန်လည် အသုံးပြုနိုင်တဲ့ နည်းပညာတွေကို ဖန်တီးလာကြပါတယ်။

New technology converts waste plastics into jet fuel ingredients in an hour.

အခုတော့ Washington State University (WSU) မှ သုတေသန ပညာရှင်တွေက အများဆုံး သုံးတဲ့ ပလတ်စတစ် အမျိုးအစား ဖြစ်တဲ့ Polyethylene ကို ဂျက်လေယာဉ် လောင်စာဆီမှာ သုံးတဲ့ ပါဝင် ပစ္စည်း အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ ပညာရှင်တွေဟာ Polyethylene ကို လောင်စာဆီနဲ့ ချောဆီ အဖြစ် ပြောင်းလဲဖို့ Catalytic Process ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

New technology converts waste plastics to jet fuel in an hour

အဲဒီ နည်းပညာ အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောဘဲ လျှို့ဝှက်ထားပါသေးတယ်။ ပညာရှင်တွေက အဲဒီ နည်းပညာဟာ အချိန် ၁ နာရီအတွင်းမှာ ၂၂၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် မကျော်တဲ့ အပူချိန်ကို သုံးကာ ပလတ်စတစ် ၉၀ ရာခိုင်နှုန်းလောက်ကို လေယာဉ်ဆီ အဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ပြောပါတယ်။

ပညာရှင်တွေက နောက်တစ်ဆင့် အနေနဲ့ အနာဂတ်မှာ စီးပွားဖြစ် ရောင်းချဖို့အတွက် တိုးချဲ့ ထုတ်လုပ်နိုင်ဖို့နဲ့ တခြား ပလတ်စတစ်အမျိုးအစားတွေကိုပါ ဒီနည်းပညာနဲ့ အသွင်ပြောင်းလဲဖို့ မျှော်လင့်ထားပါတယ်။

Ref : inceptivemind

%d bloggers like this: