Snapdragon 680 ပါတဲ့ Redmi 10C ကို ကြေညာပြီ

Xiaomi က တန်ဖိုးနည်း  Redmi 10C ကို နိုင်းဂျီးရီးယားမှာ ကြေညာလိုက်ပြီး Snapdragon 680 SoC မောင်းနှင်ထားပါတယ်။ ၆.၇၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Resolution ကို မသိရသေးပါဘူး။ Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP နဲ့ 2MP ကင်မရာ ၂ လုံး ပါလာပါတယ်။ အနောက်ကင်မရာ ၂ လုံး၊ လက်ဗွေရာ ကိရိယာနဲ့ Flash တွေကို စတုရန်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။

Xiaomi Redmi 10C goes official with Snapdragon 680 SoC

အနက်၊ အပြာနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး 4GB RAM +64GB Storage Version ကို ၁၈၈ ဒေါ်လာနဲ့ 4GB RAM + 128GB Version ကို ၂၀၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၄၀,၀၀၀ နဲ့ ၃၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Xiaomi က Redmi 10C ရဲ့ ကျန်တဲ့ Specs တွေကို မပြောသေးပေမယ့် နိုင်ဂျီးရီးယားမှာ ရောင်းချပေးလိုက်ပါပြီ။

Xiaomi ဟာ မတ်လ ၁၇ ရက်နေ့ အိန္ဒိယမှာ Redmi 10 ကို ကြေညာမှာ ဖြစ်ပြီး အဲဒီ ဖုန်းဟာ Redmi 10C ဖြစ်နိုင်ပါတယ်။ အဲဒီ ဖုန်းကိုပဲ အိန္ဒိယမှာ POCO C4 နာမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: