ရုရှားမှာ ဝန်ဆောင်မှု တချို့ ရပ်နားလိုက်တဲ့ TikTok

TikTok က ရုရှား မှာ ဗီဒီယို အသစ် တင်တာနဲ့ Livestream ဝန်ဆောင်မှုကို ရပ်နားလိုက်ပြီး ရုရှားရဲ့ သတင်းအတု ဥပဒေ အသစ်ကြောင့် အခုလို ပြုလုပ်လိုက်တာပါ။ TikTok က “ ရုရှားရဲ့ သတင်းအတု ဥပဒေ အသစ်ကြောင့် ရွေးချယ်စရာ မရှိဘဲ ဗီဒီယို အသစ် တင်တာနဲ့ Livestream ဝန်ဆောင်မှုကို ရပ်နားလိုက်တာပါ။ ဒီဥပဒေနဲ့ ငြိစွန်းမယ့် ဗီဒီယိုတွေကို သေသေချာချာ လေ့လာ စောင့်ကြည့်မှာပါ။ App ရဲ့ Messaging ဝန်ဆောင်မှုကို ဆက်လက် အသုံးပြုနိုင်မှာပါ။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

ရုရှား သမ္မတ ပူတင်ဟာ ပြီးခဲ့တဲ့ ၁ ပတ်က သတင်း အတု ဥပဒေ အသစ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဥပဒေ ချိုးဖောက်ရင် ငွေဒဏ်နဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမှာပါ။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆက်လက် ဆင်နွှဲနေသလို Facebook, Twitter နဲ့ BBC သတင်း ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ထားပါတယ်။

TikTok temporarily bans new video creation in Russia ‹ ARTSAKH NEWS

ပြီးခဲ့တဲ့ ၁ ပတ်က ရုရှား ဆက်သွယ်ရေး အေဂျင်စီ Roskomnadzor က ရုရှား အစိုးရရဲ့ Content တွေကို ဖယ်ရှားခဲ့တဲ့အတွက် TikTok ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက်မှာ TikTok က အစိုးရပိုင် မီဒီယာ တချို့ကို Label တွေ တပ်ပေးဖို့ ကြေညာခဲ့ပြီး Facebook နဲ့ YouTube တို့ရဲ့ နည်းလမ်းအတိုင်း ရုရှား မီဒီယာတွေကို လူမြင်နည်းအောင် ပြုလုပ်ခဲ့ပါတယ်။

TikTok က “ ရုရှားက အခြေအနေတွေကို သေချာ စောင့်ကြည့်မှာ ဖြစ်ပြီး အဆင်ပြေရင် ဝန်ဆောင်မှု အပြည့်အဝ ပြန်ပေးနိုင်မယ့် အချိန်ကို ဆုံးဖြတ်မှာပါ။ ဘေးကင်းစေဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးပါ။ “ လို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: