ရုရှားမှာ ကုန်ပစ္စည်း ရောင်းချတာ ရပ်နားလိုက်တဲ့ Samsung

Samsung ဟာ ရုရှားမှာ ကုန်ပစ္စည်း ရောင်းချတာကို ရပ်နားလိုက်တယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က “ လက်ရှိ ကျူးကျော်စစ်ကြောင့် ရုရှားမှာ ကုန်ပစ္စည်း ရောင်းချတာကို ရပ်နားလိုက်ပါတယ်။ ဒီရှုပ်ထွေးတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နောက်လုပ်ငန်းစဉ်တွေကို ပြုလုပ်မှာပါ။ “ လို့ ပြောပါတယ်။

Samsung has stopped shipping its products to Russia

Samsung ဟာ စမတ်ဖုန်းတွေအပြင် Chip ကနေ Consumer Electronics အထိ ကုန်ပစ္စည်းမျိုးစုံကို ရုရှားမှာ မရောင်းတော့ပါဘူး။ ကမ္ဘာ့ အကြီးမားဆုံး အီလက်ထရောနစ် ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်တဲ့ Samsung ရဲ့ ကုန်ပစ္စည်းများစွာကို ရုရှားမှာ ဝယ်ယူလို့ မရတော့ပါဘူး။

Samsung stops shipping products to Russia - Social News XYZ

ဒါ့အပြင် Samsung ဟာ ယူကရိန်းအတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနေပါတယ်။ ကုမ္ပဏီက “ ကျူးကျော်စစ်ကြောင့် ထိခိုက်သူ အားလုံးကို ကိုယ်ချင်းစာပြီး ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစု အားလုံး ဘေးကင်းစေဖို့ဟာ ကျွန်တော်တို့ရဲ့ ဦးစားပေး အလုပ် ဖြစ်ပါတယ်။ ယူကရိန်းမှာ ဒုက္ခသည်တွေကို အကူအညီပေးတာ အပါအဝင် လူသားချင်းစာနာတဲ့ လှူဒါန်းမှုတွေကို တက်ကြွစွာ လုပ်ဖို့ စီစဉ်ထားပါတယ်။ ယူကရိန်းမှာ ဒေါ်လာ ၁ သန်းတန် Consumer Electronics ပစ္စည်းတွေ အပါအဝင် ဒေါ်လာ ၆ သန်း လှူဒါန်းနေပါတယ်။ “ လို့ ပြောပါတယ်။

Samsung အပြင် Apple နဲ့ Microsoft တို့လို နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေဟာ ရုရှားမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ရောင်းချတာကို ရပ်နားထားပါတယ်။

Ref : theverge

%d bloggers like this: