စိန်တွေကို ကမ္ဘာမြေကြီးကနေ တူးဖော်ကြရပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့အတွက် Blood Diamond လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အခုတော့ Aether Diamonds ကုမ္ပဏီက လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကနေ စိန်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်မှာ စိန် ကာရက် ရာပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်လယ်မှာ ပထမဆုံး အနေနဲ့ အဲဒီ စိန်တွေကို ရောင်းချခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ စိန် ကာရက် ထောင်ဂဏန်းခန့်ကို ထုတ်လုပ်ရောင်းချဖို့ ကုမ္ပဏီက ရည်မှန်းထားပါတယ်။
Aether ဟာ Climeworks စက်ရုံကနေ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို ဝယ်ယူပြီး သန့်စင်မှု အရည်အသွေး မြင့်မားတဲ့ မီသိန်း သို့မဟုတ် CH4 အဖြစ် ဖန်တီးပါတယ်။ အဲဒီ မီသိန်းတွေကို စိန် Reactors တွေဆီ ထည့်သွင်းပြီး ဓါတုဗေဒ Vapor Deposition နည်းလမ်းက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မာကျောတဲ့ စိန်တွေကို ထုတ်လုပ်ပေးပါတယ်။
အဲဒီ စိန်တွေကို အိန္ဒိယက ဆူရက်ဆီ ပေးပို့ကာ ဖြတ်တောက်တာ၊ အရောင်တင်တာတွေ ပြုလုပ်ပြီးနောက်မှာ အမေရိကန်ကို ပြန်ပို့ကာ ရောင်းချကြတာ ဖြစ်ပါတယ်။ အနာဂတ်မှာ သဘာဝ ပတ်ဝန်းကျင် မပျက်ဆီးစေတဲ့ စိန်တွေကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်တော့မှာပါ။
Ref : interestingengineering