ဟက်ကာ အဖွဲ့တွေက ရုရှားရဲ့ လျှပ်စစ်ကား အားသွင်းစက် ကွန်ရက်ကို ထိန်းချုပ်ထားနိုင်ပြီ

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ကမ္ဘာအဝန်းက ဟက်ကာ အဖွဲ့တွေက ကူညီတိုက်ခိုက်ပေးနေပါတယ်။ မကြာခင်ကပဲ ဟက်ကာ အဖွဲ့တွေဟာ ရုရှားရဲ့ လျှပ်စစ်ကား အားသွင်းစက် ကွန်ရက်ကို ထိန်းချုပ်ထားလိုက်နိုင်ပြီး အားသွင်းလို့ မရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အားသွင်းစက်မှာ “ စက်ပျက်နေပါပြီ။ ယူကရိန်း အောင်မြင်ပါစေ။ “ ဆိုတဲ့ စာသားတွေကို ဖော်ပြထားပါတယ်။

Russian

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟက်ကာ အဖွဲ့ ၁ ခုဟာ ယူကရိန်းကို ကူညီတဲ့ အနေနဲ့ ရုရှား နိုင်ငံပိုင် တီဗီလိုင်းတွေနဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုလို့ မရအောင် ပိတ်ပင်နိုင်ခဲ့ပါတယ်။ အဲဒီ ဟက်ကာ အဖွဲ့ဟာ ရုရှား စစ်တပ်ရဲ့ ဆက်သွယ်ရေးလှိုင်းထဲ ထိုးဖောက်ဝင်ရောက်ပြီး ယူကရိန်း နိုင်ငံတော် သီချင်းတွေကို ဖွင့်ခဲ့ကြပါတယ်။ ရုရှား စစ်တပ်ရဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် စစ်ပွဲ အရှိန် ကျဆင်းသွားပါတယ်။

Hacker groups got access to the Russian national EV charging network

ရုရှားကို နိုင်ငံများစွာနဲ့ ကုမ္ပဏီများစွာက ပိတ်ပင်မှုတွေ ပြုလုပ်နေပြီး TSMC ၊ Intel နဲ့ နာမည်ကြီး Chip ထုတ်လုပ်သူတွေဟာ ရုရှားကို မရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရုရှားရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ်စနစ်၊ အားကစား၊ နည်းပညာ စသဖြင့် ကဏ္ဍပေါင်းစုံကနေ ရုရှားကို ပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။

ယူကရိန်း ဒုတိယ ဝန်ကြီးရဲ့ တောင်းဆိုမှုကြောင့် SpaceX တည်ထောင်သူ Elon Musk ဟာ Starlink ဂြိုလ်တု အင်တာနက်ကို ယူကရိန်းအတွက် ဖွင့်ပေးခဲ့ပြီး စလောင်းတွေကိုလည်း ပေးပို့ထားပါတယ်။

Ref : gizchina

%d bloggers like this: