ရုရှားမှာ ကုန်ပစ္စည်း ရောင်းချမှု ရပ်နားလိုက်တဲ့ Apple

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားမှာ iPhone , iPad အပါအဝင် ကုန်ပစ္စည်းတွေ ရောင်းချတာကို Apple က ရပ်နားလိုက်ပါတယ်။ ရုရှားမှာ Apple Pay အသုံးပြုတာကို ကန့်သတ်ပြီးနောက်မှာ Apple က အခုလို ပြုလုပ်လိုက်တာ ဖြစ်ပြီး ရုရှား သတင်း App တွေကိုလည်း App Store ကနေ ဖြုတ်ချထားပါတယ်။

Apple halts product sales in Russia

Apple ရဲ့ သတင်းထုတ်ပြန်ချက်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ရှုတ်ချတဲ့ အနေနဲ့ Apple ကုန်ပစ္စည်းတွေကို အဲဒီမှာ မရောင်းချတော့ဘူးလို့ ရေးသားထားပါတယ်။ Apple က အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်မှာ ဖြစ်ပြီး စစ်ပွဲကြောင့် ထိခိုက်နစ်နာတဲ့ နိုင်ငံတွေက အစိုးရတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Apple halts product sales in Russia | Russia-Ukraine crisis News | Al Jazeera

ပြီးခဲ့တဲ့ ၁ ပတ်က ယူကရိန်းရဲ့ ဒုတိယ ဝန်ကြီး Mykhailo Fedorov က Apple ကို အိတ်ဖွင့်ပေးစာ ရေးသားခဲ့ပြီး ရုရှားမှာ Apple ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ မရောင်းဖို့နဲ့ App Store ကို ပိတ်ပင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Fedorov က ဒီလို လုပ်ခြင်းအားဖြင့် ရုရှားရဲ့ ကျူးကျော်စစ် ရပ်တန့်သွားအောင် လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တွန်းအားပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

Apple က ရုရှားမှာ App Store ပိတ်မယ့် အကြောင်းကို မပြောသေးပေမယ့် လုံခြုံရေးအတွက် Apple Maps မှာ ယူကရိန်းရဲ့ Traffic တွေကို ပိတ်ထားတယ်လို့ ပြောပါတယ်။ Apple Maps မှာ စစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်တဲ့အတွက် အခုလို ပိတ်လိုက်တာပါ။

Ref : theverge

%d bloggers like this: