နာမည်ကြီး ဟက်ကာ အဖွဲ့ Anonymous က ရုရှားကို ဆိုက်ဘာ စစ်ပွဲ ဆင်နွှဲပြီလို့ ယူကရိန်းကို စတင် ကျူးကျော်တဲ့ ဒီလ ၂၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဟက်ကာ အဖွဲ့က အစိုးရ ဝက်ဘ်ဆိုက်တွေနဲ့ တီဗီ ရုပ်သံလိုင်း RT News ကို ထိန်းချုပ်ထားပြီး သုံးလို့ မရအောင် လုပ်ထားလိုက်ပြီလို့ တွစ်တာမှာ ရေးသားထားပါတယ်။ အစိုးရ အပြင် ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဟက်ကာ အဖွဲ့က သတိပေးလိုက်ပါတယ်။
ကျွမ်းကျင်သူ တချို့က Anonymous ရဲ့ တိုက်ခိုက်မှုဟာ ရုရှားကို အရှက်ရစေလောက်အောင်ပဲ စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး စစ်တပ်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ တချို့ ကျွမ်းကျင်သူတွေကတော့ ဆိုက်ဘာ တိုက်ခိုက်မှုဟာ ရုရှား လက်နက် ကိရိယာတွေရဲ့ ဆက်သွယ်ရေးနဲ့ ရိက္ခာထောက်ပံ့ရေးကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ကြပါတယ်။ ပူတင်ရဲ့ စစ်တပ်ကို ဆိုက်ဘာ တိုက်ခိုက်မှုက အကျိုးသက်ရောက်နိုင်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်နဲ့ ဥရောပဟာ ရုရှားကို စီးပွားရေးဒဏ်ခတ်မှုတွေ ပြုလုပ်နေကြပြီး အဲဒီအထဲမှာ အွန်လိုင်း ဝန်ဆောင်မှုတွေလည်း ပါပါတယ်။ Apple , Facebook , Twittter တို့လို နာမည်ကြီး ကုမ္ပဏီတွေဟာ ရုရှားကို ပိတ်ပင်ထားကြပါတယ်။
ယူကရိန်း ဝန်ကြီးချုပ်က Apple ထုတ်ကုန်တွေကို မရောင်းဖို့နဲ့ App Store ကို ပိတ်ပင်ဖို့ စီအီးအို တင်ကွတ်ကို တောင်းဆိုထားပါတယ်။ Elon Musk က ရုရှား ကျူးကျော်စစ်ကြောင့် အင်တာနက်လိုင်းတွေ ပြတ်တောက်နိုင်တဲ့အတွက် Starlink ဂြိုလ်တု အင်တာနက်ကို ယူကရိန်းအတွက် ဖွင့်ပေးထားပါတယ်။
Ref : gizchina