Apple ရဲ့ စွမ်းအားဟာ စစ်ပွဲတွေကိုတောင် ရပ်တန့်သွားစေနိုင်မလား မပြောတတ်ပါဘူး။ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Mykhailo Fedorov ဟာ သောကြာနေ့က Apple CEO Tim Cook ထံ အိတ်ဖွင့်ပေးစာ ၁ စောင်ပေးပို့ခဲပြီး ရုရှားကို Apple ထုတ်ကုန်တွေ မရောင်းဖို့နဲ့ App Store ပိတ်ပင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
I’ve contacted @tim_cook, Apple's CEO, to block the Apple Store for citizens of the Russian Federation, and to support the package of US government sanctions! If you agree to have the president-killer, then you will have to be satisfied with the only available site Russia 24. pic.twitter.com/b5dm78g2vS
— Mykhailo Fedorov (@FedorovMykhailo) February 25, 2022
စာမှာ Fedorov က “ ယူကရိန်း၊ ဥရောပနဲ့ တစ်ကမ္ဘာလုံးက ဒီမိုကရေစီ နိုင်ငံတွေကို ရုရှားရဲ့ စစ်မက်ပြုမှုကနေ စွမ်းအား ရှိသမျှ ကာကွယ်ဖို့ လိုအပ်နေပါပြီ။ App Store ကို ပိတ်ပင်တာ အပြင် Apple ရဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ရုရှားအား မရောင်းဖို့ သင့်ကို အရေးပေါ် တောင်းဆိုလိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျူးကျော်စစ် ရပ်တန့်သွားအောင် လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
Apple ဟာ ရုရှားအတွက် သီးသန့် ဝက်ဘ်ဆိုက် ၁ ခု တည်ထောင်ပေးထားပြီး iPhone, Mac နဲ့ တခြား ထုတ်ကုန်တွေကို ရောင်းချပေးနေသလို သီးသန့် App Store ၁ ခုကို ဖွင့်လှစ်ပေးထားပါတယ်။ အမေရိကန် အစိုးရက တချို့ ထုတ်ကုန်တွေကို ကုမ္ပဏီတွေက ရုရှားအား မရောင်းချအောင် တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ရုရှားမှာ Apple က ဆက်လက်ရောင်းချနေသေးတဲ့အတွက် အမေရိကန် အစိုးရရဲ့ ပိတ်ပင်မှုတွေထဲမှာ Apple မပါဝင်သေးဘူးလို့ ထင်ရပါတယ်။
I am deeply concerned with the situation in Ukraine. We’re doing all we can for our teams there and will be supporting local humanitarian efforts. I am thinking of the people who are right now in harm’s way and joining all those calling for peace.
— Tim Cook (@tim_cook) February 25, 2022
ယူကရိန်းရဲ့ တောင်းဆိုမှု မတိုင်ခင်က Apple CEO Tim Cook ဟာ ယူကရိန်းက အခြေအနေကို အလွန် စိတ်ပူနေကြောင်းနဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးမှာ ဖြစ်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါသေးတယ်။
လက်ရှိအချိန်အထိ ရုရှားမှာ App Store သုံးလို့ရနေသေးပေမယ့် ရုရှား ဘဏ်တွေကို ပိတ်ပင်မှုဟာ စတင် သက်ရောက်နေပါပြီ။ ရုရှားရဲ့ အထင်ကရ ဘဏ် ၅ ခုဟာ Apple Pay နဲ့ Google Pay ကို သုံးလို့ မရတော့ဘူးလို့ သိရပါတယ်။
Ref : macrumors