အမေရိကန် အခြေစိုက် Audi နဲ့ Verizon တို့ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်မှာ 5G ဆက်သွယ်မှုကို Audi ရဲ့ ကားတွေမှာ ထည့်သွင်းပေးတော့မှာပါ။ ဆက်သွယ်မှု ပိုကောင်းလာတဲ့အတွက် ဆော့ဖ်ဝဲ စွမ်းရည် တိုးတက်လာသလို Navigation လုပ်ရင် ပိုလန်းလာမှာပါ။ ဒါ့အပြင် အွန်လိုင်းက သီချင်းနဲ့ ဗီဒီယိုတွေ နားဆင် ကြည့်ရှုရင် အထစ်အငေါ့ မရှိတော့ပါဘူး။
ကား ကုမ္ပဏီတွေဟာ ဘေးကင်းလုံခြုံမှုနဲ့ ကားမောင်းနှင်တဲ့ အရည်အသွေး ပိုကောင်းလာစေဖို့ Vehicle-to-everything (V2X) ဆက်သွယ်မှုလို နည်းပညာ အသစ်တွေကို ဖန်တီးနေကြပါတယ်။ Audi နဲ့ Verizon တို့က ၂၀၂၄ ခုနှစ်ထုတ် ကားမော်ဒယ်တွေကနေစပြီး 5G Ultra Wideband နည်းပညာ ထည့်သွင်းပေးဖို့ စီစဉ်နေကြပါတယ်။ ဆက်သွယ်ရေး ပိုကောင်းလာတဲ့အတွက် Augmented မိုဘိုင်း ဝန်ဆောင်မှု၊ ယာဉ်မောင်းကို ထောက်ကူတဲ့ လုပ်ဆောင်ချက်လို နည်းပညာ အသစ်တွေ ဖန်တီးနိုင်မှာပါ။
Audi ဟာ ၂၀၁၅ ခုနှစ်ထုတ် A3 Sedan ကစပြီး 4G LTE ဆက်သွယ်မှုနဲ့ ဝိုင်ဖိုင်ကို ထည့်သွင်းပေးခဲ့ကာ အဲဒီ နည်းပညာတွေကို ကားမှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီတွေထဲက ၁ ခု အဖြစ် ဂုဏ်ယူနေပါတယ်။ Audi ဟာ V2X ဆက်သွယ်မှုကို ကားတွေမှာ ပထမဆုံး ထည့်သွင်း စမ်းသပ်တဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး မီးပွိုင့် အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ကားတွေဟာ မီးပွိုင့် စနစ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
5G ဟာ 4G LTE ထက် အဆ ၁၀၀ ပိုမြန်ပြီး ကားတွေမှာသာ 5G ဆက်သွယ်မှု ထည့်သွင်းနိုင်ပြီဆိုရင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို ကားတွင်း ဖျော်ဖြေရေးတွေကို အမိုက်စား ကြည့်ရှုခံစားနိုင်မှာပါ။
Ref : theverge
You must log in to post a comment.