vivo သည် နောက်ဆုံးပေါ် အဆင့်မြင့် V စီးရီး စတင်ရောင်းချမည့်ရက်ကို တရားဝင်မိတ်ဆက်ပေးသည် – V23 စီးရီး

vivo သည် V23 5G နှင့် V23e တို့ကို မိတ်ဆက်ပေးပြီး အကောင်းဆုံး ပရီမီယမ်ဒီဇိုင်းကို ပြရန် အသင့်ဖြစ်ပါပြီ

 

မြန်မာ၊ ရန်ကုန်၊ ဖေဖော်ဝါရီ၈ရက် ၊ ၂၀၂ ခုနှစ်         – ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် အများနှစ်သက်အားပေးခဲ့သည့် V စီးရီးမှ နောက်ဆုံးပေါ် flagship စမတ်ဖုန်း အသစ်များဖြစ်သည့် V23 5G နှင့် V23e တို့ကို ၂၀၂၂ ခုနှစ် မတ်လ ၅ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပါသည်။ အသစ်ထွက်ရှိမည့် စမတ်ဖုန်းတို့သည် ဒီဇိုင်းပိုင်းအရ ရှုမညီးဖွယ် ဖြစ်မည်ဟု မျှော်မှန်းရပါသည်။ V စီးရီး၏ နောက်ဆုံးပေါ်ဖုန်းများတွင် 50MP AF Portrait Selfie Camera နှင့် တိုက်ရိုက်နေရောင်နှင့်ထိလျှင် အရောင်ပြောင်းမည့် အထူး Color-changing exterior ပါရှိပါသည်။

လူငယ်များ အဓိကအသုံးပြုသည့် အမှတ်တံဆိပ်ဖြစ်သော vivo သည် သုံးစွဲသူများကို စွမ်းဆောင်ရည် အထူးမြင့်မားပြီး ဈေးကွက်ရှေ့ဆောင်ဒီဇိုင်းနှင့်အတူ အားလုံးထက်သာလွန်သည့် လုပ်ဆောင်ချက်များ ပါရှိသည့် စမတ်ဖုန်းများဖြင့် ပံ့ပိုးပေးလျက် ရှိပါသည်။ V23 စီးရီး စမတ်ဖုန်းများသည် အနာဂတ်အတွက် အသင့်ဖြစ်ပြီး V စီးရီး၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသွားပါမည်။ ဤစမတ်ဖုန်းများသည် ဈေးကွက်ရှေ့ဆောင် ရှေ့ကင်မရာများ ပါဝင်ပြီး ရိုက်ကူးသည့် ဖရိမ်တိုင်းကို ဟန်ချက်ညီ ဆုံချက်ထား ဖမ်းယူနိုင်စွမ်း ရှိပါသည်။

V23 5G တွင် vivo ၏ စွမ်းရည်မြင့် ဒီဇိုင်နာများက သေချာစဉ်းစား ဖန်တီးထားသည့် ဂုဏ်သရေရှိဒီဇိုင်း၊ ချောမွေ့သော မျက်နှာပြင်များနှင့် ရင်သပ်ရှုမောဖွယ် အစွန်းထောင့်များ ပါဝင်ပါသည်။ နှစ်သက်ဖွယ်ရာ ဒီဇိုင်းနှင့် သူမတူသော မြင်ကွင်းတို့ကြောင့် V23 5G သည် အသုံးပြုသူများအား စိတ်ကူးဥာဏ် ရင့်သန်စေပြီး အံ့ဩဖွယ်ရာ ရပ်ဝန်းများသို့ ရောက်ရှိခံစားစေနိုင်သည့် အရောင်ပြောင်းနိုင်သောမှန် ပါဝင်ပါသည်။ အသစ်ထွက်မည့် V23 5G သည် ပြီးပြည့်စုံမှုကိ ထင်ဟပ်နေသည့် ဂရုတစိုက် ဖန်တီးထားသော ပုံသဏ္ဍာန်၊ အဖိုးတန် အသွင်အပြင်၊ မှန်ဒီဇိုင်းတို့ဖြင့် သုံးစွဲသူများကို စိတ်တိုင်းကျစေမည် ဖြစ်သည်။ သက်တောင့်သက်သာ ကိုင်တွယ်နိုင်သည့် အရွယ်အစားလည်း ဖြစ်ပါသည်။

blank

V23 5G သည် အပြင်ပန်းပုံဏ္ဍာန် လှပသစ်လွင်ရုံသာမက vivo ၏ စမတ်ကျသော နည်းပညာကြောင့် နောက်မျိုးဆက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် သူမတူသော စွမ်းဆောင်ရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ အသစ်ထွက်မည့် V23 5G သည် ညဘက်အပါအဝင် အဖိုးတန် အမှတ်တရ အခိုက်အတန့်များစွာကို အသေးစိတ် သိမ်းဆည်းပေးနိုင်ပါသည်။ V23 5G တွင် လှပသော တည်ဆောက်ပုံနှင့် selfie ဗီဒီယိုရိုက်ကူးမှုများတွင် အနုပညာစွမ်းရည်များကို မလွှဲမသွေ တိုးမြှင့်ပေးမည့် ကင်မရာ စွမ်းဆောင်ရည်များ ပါရှိမည်ဖြစ်သည်။ ဤစမတ်ဖုန်းကို မည်သည့်အ အမြင်အရလည်း ခြေအနေတွင်မဆို အရည်အသွေးမြင့် လက်ဆောင်တန်ဆာတစ်ခုအဖြစ် ကိုင်ဆောင်နိုင်မည် ဖြစ်သလို ထိုသို့လှပမှုကြောင့် အရည်အသွေးပိုင်းအရ ထိခိုက်မှုလည်း ရှိမည်မဟုတ်ပါ။

 

ခမ်းနားကြီးကျယ်သည့် ဒီဇိုင်းနှင့် ပိုမိုသာလွန်သည့် ကင်မရာတို့ကြောင့် vivo V23 5G သည် စတိုင်နှင့် အသုံးဝင်မှုအချိုးကို ချောမွေ့စွာ ချိန်ညှိပေးနိုင်သည့်အတွက် ခေတ်သစ်အသုံးပြုသူများ၊ လမ်းကြောင်းထွင်သူများ၊ ဖက်ရှင်စတားများနှင့် ဖန်တီးသူများအတွက် ထိုက်တန်သည့်ဖုန်း ဖြစ်ပါသည်။ ဖက်ရှင်စိတ်ဝင်စားသည့် သုံးစွဲသူများအတွက် ဤဖုန်းသည် အရောင်ပြောင်းလဲသည့် မှန်ဒီဇိုင်းဖြင့် အံဩဖွယ်မြင်ကွင်းများကို ဖန်တီးပေးရန် ဒီဇိုင်းထုတ်ထားပါသည်။

 

V23 စီးရီးတွင် နောက်ဆက်တွဲတစ်ခုဖြစ်သည့် V23e တွင်လည်း အရည်အသွေး သာလွန်ပြီး ရှင်းလင်းတောက်ပသည့် ရုပ်ပုံများကို ဖန်တီးပေးနိုင်သည့် 50MP AF Portrait Selfie လုပ်ဆောင်ချက် ပါရှိပါသည်။ ၎င်းသည် မိမိတို့၏ ဘဝ၏ အမှတ်တရများစွာကို ဓာတ်ပုံများ၊ ဗီဒီယိုများအဖြစ် မှတ်တမ်းတင်လိုသူများအတွက် အကောင်းဆုံး ရွေးစရာတစ်ခု ဖြစ်ပါသည်။ စီးရီး၏အမွေကို ဆက်လက်ဆက်ခံမည့် V23e သည် ၎င်း၏ဒီဇိုင်းသဘောတရားအရလည်း သာလွန်ပါသည် – အင်မတန် ပါးလွှာပြီး ထင်ပေါ်သည့်ဒီဇိုင်းကြောင့် အသုံးပြုသူများအတွက် ဆွဲဆောင်မှုရှိစေပြီး အင်မတန် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေပါသည်။

 

vivoအကြောင်း

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen Dongguan Nanjing Beijing 

Hangzhou Shanghai Xi’an Taipei Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။


*”Benfen” 
သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။


vivo
၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news  တွင် ဖတ်ရှုနိုင်သည်။

%d bloggers like this: