Facebook နဲ့ Twitter တို့ကို ယှဉ်ပြိုင်မယ့် Donald Trump ရဲ့ Truth Social ကို အမေရိကန်က Apple App Store မှာ ဖြန့်ချိပေးလိုက်ပါပြီ။ လက်ရှိမှာ အမေရိကန်က လူတွေပဲ အသုံးပြုလို့ရဦးမှာဖြစ်ပြီး Truth Social ရဲ့ UI ဟာ Twitter နဲ့ အရမ်းကို ဆင်တူပါတယ်။
Truth Social App ရဲ့ “Truth Feed” မှာ ပို့စ်တွေကို “Truth” လို့ ခေါ်ပြီး သူငယ်ချင်းတွေကို မျှဝေချင်ရင် “ReTruth” ပြုလုပ်ရမှာပါ။ အသုံးအနှုန်းတွေဟာ Twitter ရဲ့ “Tweet” , “ReTweet” တို့နဲ့ ဆင်တူနေပါတယ်။ Truth Social အတွက် နောက်ပိုင်းမှာ တိုက်ရိုက် စာပို့တာ အပါအဝင် လုပ်ဆောင်ချက်တွေ ထပ်မံ ထည့်သွင်းပေးမှာပါ။ Android အတွက် Truth Social App ကို ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပေမယ့် Truth Social Website မှာ မကြာခင် Google Play Store ကို ရောက်လာတော့မယ်လို့ ဖော်ပြထားပါတယ်။
Donald Trump ထောက်ခံသူတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန် လွှတ်တော်ကို အကြမ်းဖက်ခဲ့ကြပြီး အဲဒီလို ဖြစ်အောင် Trump ဟာ လူမှုကွန်ရက်တွေမှာ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေကို မျှဝေနေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Facebook နဲ့ Twitter တို့က သူ့ကို Ban ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Trump ရဲ့ Follower တွေဟာ Twitter မှာ ၈၉ သန်းနဲ့ Facebook မှာ ၂၄.၅ သန်းတောင် ရှိခဲ့ပါတယ်။ Trump က အဲဒါကို မကျေနပ်တဲ့အတွက် Truth Social အမည်ရ ကိုယ်ပိုင် လူမှုကွန်ရက် ၁ ခု တည်ထောင်မယ်လို့ ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းက ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။
Ref : theverge
You must log in to post a comment.