ANA Holdings Inc နဲ့ Joby Aviation Inc တို့ ပူးပေါင်းပြီး ဂျပန်မှာ လေယာဉ် တက္ကစီ ဝန်ဆောင်မှု ပြုလုပ်ပေးတော့မှာပါ။ အဲဒီ ပူးပေါင်းမှုမှာ Toyota Motor Corp လည်း ပါဝင်ပြီး မြေပြင် အခြေစိုက် သယ်ယူပို့ဆောင်ရေးလို အခွင့်အလမ်းတွေကို ရှာဖွေမှာပါ။
Joby ဟာ ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး လူ ၅ ယောက်စီး လျှပ်စစ် လေယာဉ်တွေကို တီထွင်နေပါတယ်။ အဲဒီ လေယာဉ်တွေဟာ မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်းပြုလုပ်နိုင်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို မိုင် ၂၀၀ မောင်းနှင်နိုင်ပါတယ်။ အသံဆူညံမှု နည်းပါးတဲ့အတွက် မြို့ထဲမှာ သွားလာဖို့ သင့်တော်ပြီး ကာဘွန်ထုတ်လုပ်မှု မရှိတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။ ၅၀ ကီလိုမီတာ အကွာအဝေးရှိတဲ့ အိုဆာကာ စတေရှင် ကနေ ကန်ဆိုင်း နိုင်ငံတကာ လေဆိပ်ကို ၁၅ မိနစ်နဲ့ သွားနိုင်ပြီး ကားနဲ့သွားရင် ၁ နာရီကြာမြင့်မှာပါ။
ANA နဲ့ Joby တို့ဟာ အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့၊ ပိုင်းလော့တွေကို လေ့ကျင့်ပေးဖို့၊ လေကြောင်း Traffic စီမံခန့်ခွဲမှုတို့အတွက် ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်သလို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရအောင် ကြိုးပမ်းကြမှာပါ။
Joby ဟာ ဂျပန်နဲ့ အားကောင်းတဲ့ ဆက်သွယ်မှု ရှိနေပြီး ၂၀၁၉ ခုနှစ်ကတည်းက Toyota နဲ့ ပူးပေါင်း လုပ်ကိုင်နေခဲ့ပါတယ်။ Toyota ဟာ Joby ရဲ့ အကြီးမားဆုံး ရင်းနှီးမြှပ်နှံသူ ဖြစ်ပြီး လက်ရှိ အချိန်အထိ ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။
Ref : japantoday
You must log in to post a comment.