User တွေကို အွန်လိုင်းမှာ ခြေရာခံလို့ ဒဏ်ငွေ သန်း ၉၀ ပေးရတော့မယ့် Meta (Facebook)

Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက အမှုအတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၉၀ ပေးဖို့ သဘောတူညီလိုက်ပါတယ်။ Facebook ပြင်ပမှာ User တွေကို ခြေရာခံထောက်လှမ်းတဲ့အတွက် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Karlin Lillington: How the High Court threw a huge curveball at Facebook

ကယ်လီဖိုးနီးယားက တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး Facebook ဟာ User တွေရဲ့  Privacy ကို ချိုးဖောက်လို့ဆိုကာ တရားစွဲဆိုထားတဲ့ အမှုတွေထဲက ၁ ခု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Drew Pusateri က “ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက အမှု ၁ ခုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းနဲ့ ရှယ်ယာ ပိုင်ရှင်တွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်လိုက်တဲ့အတွက် ဝမ်းသာပါတယ်။ “ လို့ ပြောပါတယ်။

Terror victims ask NYC court for second look at Facebook lawsuit in light of Mark Zuckerberg testimony - New York Daily News

Facebook ဟာ ထိရောက်တဲ့ ကြော်ငြာတွေ ပြသဖို့အတွက် Facebook Like Button ထည့်သွင်းထားတဲ့ ဝက်ဘ်စာမျက်နှာတွေမှာ User တွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံ စောင့်ကြည့်တယ်ဆိုကာ အခုတရားစွဲဆိုမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Like Button လို Content တွေ ထည့်သွင်းထားတဲ့ ဝက်ဘ်စာမျက်နှာ ၁ ခုကို တစ်စုံတစ်ယောက် ဖွင့်လိုက်တဲ့အခါမှာ Facebook က ဒေတာတွေကို အဲဒီ User ရဲ့ ပရိုဖိုင်နဲ့ ချိတ်ဆက်ထားတယ်လို့ အမှုမှာ ဖော်ပြထားပါတယ်။

Ref : bangkokpost

 

%d bloggers like this: