SD 8 Gen 1 နဲ့ 120Hz OLED မျက်နှာပြင်ပါတဲ့ Redmi K50 Gaming Edition ကို ကြေညာ

Redmi က တရုတ်မှာ စွမ်းရည်မြင့် Gaming ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi K50 Gaming Edition or K50G လို့ နာမည်ပေးထားပြီး ၆.၆၇ လက်မ FHD+ OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Display Mate A+ ရထားသလို မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။  120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ကြောင့် ဂိမ်းကစားရင် တုန့်ပြန်မှု အရမ်း ကောင်းမှာပါ။ Snapdragon 8 Gen 1 SoC မောင်းနှင်ထားပြီး အပူချိန်လျှော့ချဖို့အတွက် Vapor Chamber ၂ ခုနဲ့ အရွယ်ကြီး Graphite ထည့်သွင်းထားပါတယ်။

CyberEngine X-axis Motor 1016 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပြီး တုန်ခါမှု Effect တွေ အရမ်း ကောင်းမှာပါ။ ဂိမ်းကစားလို့ ကောင်းစေမယ့် MIUI လုပ်ဆောင်ချက်များစွာ ထည့်သွင်းပေးထားပါတယ်။ Subwoofer ၂ လုံး၊ Tweeter ၂ လုံး ထည့်သွင်းပေးထားတဲ့ စပီကာ ၄ လုံးတပ် စနစ်ကြောင့် အသံအရည်အသွေး အရမ်းကောင်းမှာ ဖြစ်ပြီး WiFi အန်တင်နာ ၃ ခုက ၂ ခုတပ် ဖုန်းတွေထက် ဂိမ်း Latency ကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။

ဂိမ်းကစားဖို့အတွက် ညာဘက်ခြမ်းမှာ Shoulder Trigger ၂ ခုနဲ့ ပါဝါခလုတ် တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာ အသံခလုတ်တွေ ပါပါတယ်။ ၁၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 120W Xiaomi HyperCharge Fast Charging ပါလာပြီး ဘက်ထရီက 4,700mAh ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP 120 Degree Ultrawide , 2MP Telemacro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

blank

Redmi က Mercedes-AMG Petronas Formula One Team နဲ့ ပူးပေါင်းပြီး အထူးထုတ် မော်ဒယ် ၁ လုံးကို ထုတ်လုပ်ပေးထားပါတယ်။ အဲဒီ မော်ဒယ်မှာ 12/256GB ထည့်သွင်းထားပြီး အလုံးရေ ၁၀,၀၀၀ ပဲ ရောင်းမှာပါ။ ၄,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁,၁၇၀,၀၀၀ ကျသင့်မှာပါ။

ရိုးရိုး မော်ဒယ်အတွက် 8/128GB, 12/128GB နဲ့ 12/256GB Version တွေထုတ်လုပ်ထားပြီး ၃,၂၉၉ ယွမ်၊ ၃,၅၉၉ ယွမ်နဲ့ ၃,၈၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၉၂၀,၀၀၀ ၊ ၁,၀၀၀,၀၀၀ နဲ့ ၁,၀၉၀,၀၀၀ ကျပ် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ဒီလ ၁၈ ရက်နေ့ ရောင်းမှာပါ။

Redmi K50G specifications

  • 6.67-inch (2400 x 1080 pixels) Full HD+ AMOLED 20:9 HDR10 + 10-bit display, MEMC, 120Hz refresh rate, 1920Hz High Frequency PWM Dimming, Corning Gorilla Glass Victus protection
  • Octa Core Snapdragon 8 Gen 1 4nm Mobile Platform with Adreno next-gen GPU
  • 8GB LPPDDR5 (6400Mbps) RAM with 128GB (UFS 3.1) storage, 12GB LPPDDR5 (6400Mbps) RAM 128GB / 256GB (UFS 3.1) storage
  • Dual SIM (nano + nano)
  • MIUI 13 based on Android 12
  • 64MP rear camera with Sony IMX686 sensor, f/1.65 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.2 aperture, 2MP telemacro camera with f/2.4 aperture
  • 20MP front-facing camera with Sony IMX596
  • Side-mounted fingerprint sensor, Infrared sensor
  • USB Type-C audio, Hi-Res audio, JBL Audio quality certification, Symmetrical four-unit wideband speakers, Dolby Atmos
  • Dimensions: 162.5x 76.7 x 8.5mm; Weight: 210g
  • 5G SA/NSA, Dual 4G VoLTE, Wi-Fi 6E 802.11 ax, Bluetooth 5.2, GPS (L1 + L5), NavIC, NFC, USB Type-C
  • 4700mAh (Typical) battery with 120W hyper charge fast charging

 

Ref : fonearena

%d bloggers like this: