အမေရိကန် စစ်တပ်က ရာသီဥတု ပြောင်းလဲတာကို တိုက်ဖျက်မယ့် စီမံကိန်းကို ကြေညာလိုက်ပြီး ကာဘွန် ထုတ်လုပ်မှုကို ၂၀၃၀ ခုနှစ်မှာ ထက်ဝက် လျှော့ချကာ ၂၀၅၀ ခုနှစ်မှာ လုံးဝ မထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အမေရိကန် စစ်တပ်ရဲ့ အတွင်းရေးမှူး Christine Wormouth က ရာသီဥတု ပြောင်းလဲတာကို အမေရိကန် စစ်သားတွေ ရင်ဆိုင်နေရပြီး စစ်သားတွေဟာ အလွန် မြင့်မားတဲ့ အပူချိန်ကို ခံစားနေရတယ်လို့ ပြောပါတယ်။
Wormouth က ရာသီဥတု ပြောင်းလဲမှုဟာ အခြေခံ အဆောက်အဦးတွေကို ပျက်ဆီးစေသလို ကုန်ထုတ်လုပ်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် စစ်တပ်ဟာ ကာဘွန် ထုတ်လုပ်မှုကို လျှော့ချပေးတဲ့ မိုဘိုင်း နယူးကလီးယား ဓါတ်ပေါင်းဖိုတွေကို အသုံးပြုဖို့ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန် စစ်တပ်ဟာ ၂၀၃၂ ခုနှစ်မှာ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။ လာမယ့် ၅ နှစ်အတွင်း စစ်တပ်သုံးကားတွေကို လျှပ်စစ်ကားတွေနဲ့ အစားထိုးမှာ ဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ရိုးရိုးကားတွေကို လျှပ်စစ်ကားတွေနဲ့အစားထိုးမှာ ဖြစ်ပါတယ်။
Ref : interestingengineering
You must log in to post a comment.