အမေရိကန် စစ်တပ်က စက်ရုပ် ဟယ်လီကော်ပတာကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

Defense Advanced Research Projects Agency (DARPA) က စက်ရုပ် ဟယ်လီကော်ပတာကို ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ ကန်တက်ကီက ဖော့ကမ်ဘယ်လ်မှာ ပိုင်းလော့နဲ့ တခြား လူတွေ မပါဘဲ မိနစ် ၃၀ ကြာ ပျံသန်းပြခဲ့ပါတယ်။

Black Hawk ဟယ်လီကော်ပတာမှာ DARPA ရဲ့ Aircrew Labor In-Cockpit Automation System (ALIAS) Program ရဲ့ အသက်သွေးကြောဖြစ်တဲ့ Sikorsky MATRIX နည်းပညာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ DARPA ရဲ့ ရည်ရွယ်ချက်က ပိုင်းလော့တွေဟာ ပျံသန်းမှုကို ဂရုစိုက်စရာ မလိုဘဲ စစ်ဆင်ရေးကိုပဲ အာရုံစိုက်နိုင်အောင် ဖြစ်ပါတယ်။ ပိုင်းလော့တွေ မြင်ကွင်း မရှင်းလင်းတဲ့ အခြေအနေနဲ့ ဆက်သွယ်မှု ပြတ်တောက်တဲ့ အချိန်တွေမှာ ဒီနည်းပညာက အသုံးဝင်ပါတယ်။

DARPA experimental Black Hawk helicopter

DARPA က လက်ရှိ မောင်းသူမဲ့ လေယာဉ် နည်းပညာတွေထက် သာလွန်အောင် ALIAS Program ကို ဖန်တီးချင်တာ ဖြစ်ပါတယ်။ လက်ရှိ မောင်းသူမဲ့ လေယာဉ်နည်းပညာတွေမှာ အထူးသဖြင့် ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ လူသားတွေရဲ့ စီမံခန့်ခွဲမှု လိုအပ်ပါသေးတယ်။ DARPA က သူ့ရဲ့ Program ဟာ လူသားတွေရဲ့ အကူအညီ လုံးဝ မလိုဘဲ အလိုအလျှောက် ပျံသန်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : slashgear

%d bloggers like this: