လင်းနို့လူသား ကားကို တီထွင်လိုက်တဲ့ ဗီယက်နမ်က လူငယ်

လင်းနို့လူသားရဲ့ အမိုက်ဆုံး ပစ္စည်းဟာ Batmobile ကားဆိုတာ DC Fan အားလုံး သိကြပါတယ်။ လင်းနို့လူသား ရုပ်ရှင် သို့မဟုတ် ကာတွန်းကို ကြည့်ရှုဖူးတဲ့ သူတွေဟာ ဒီဇိုင်း အရမ်းလန်းတဲ့ လင်းနို့လူသား ကားကို လိုချင်ကြမှာပါ။

The world's first functioning electric Batmobile is ready to fight crime

အခုတော့ အဲဒီ အိပ်မက်ကို ဗီယက်နမ်က အသက် ၂၃ နှစ်အရွယ် အနုပညာရှင် Nguyen Dac Chung က အကောင်အထည်ဖော်ပေးလိုက်ပါပြီ။ သူဟာ ဟနွိုင်း ဗိသုကာ တက္ကသိုလ်က ဘွဲ့ရထားသူ ဖြစ်ပြီး သူနဲ့ ဒီဇိုင်နာ၊ အင်ဂျင်နီယာ အဖွဲ့ဟာ Function ပြည့်ဝတဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် Batmobile ကားကို တီထွင်လိုက်ပါတယ်။

The world's first functioning electric Batmobile is ready to fight crime

Christopher Nolan ရဲ့ Batmobile Version ကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး Nguyen က သဘာဝကျကာ တင့်ကား ဒီဇိုင်းနဲ့တူညီတဲ့အတွက် Nolan ရဲ့ Tumbler Version ကို ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီကားကို Composite ၊ စတီးနဲ့ ကာဘွန်ဖိုက်ဘာတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး တချို့ အစိတ်အပိုင်းတွေကို လက်နဲ့ ဖန်တီးထားကာ တချို့ အစိတ်အပိုင်းတွေကို တိကျစေဖို့အတွက် 3D Printing နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကားရဲ့ အလေးချိန်ဟာ ၁,၃၀၀ ပေါင် ရှိပါတယ်။

အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၆၅ မိုင် မောင်းနှင်နိုင်ပြီး အဲဒီကားကို ဟိုချီမင်းစီးတီးက VAN DARYL ကားပြခန်းမှာ ပြသထားပါတယ်။

Ref : interestingengineering

%d bloggers like this: