လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို အမေရိကန်မှာ တည်ဆောက်တော့မည်

အမေရိကန် ပြည်ထောင်စု မီချီဂန်ဟာ လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို တည်ဆောက်ဖို့အတွက် အစ္စရေး ကုမ္ပဏီ ElectReon နဲ့ ပူးပေါင်းလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အဲဒီ ကားလမ်းကို အသုံးပြုလို့ရတော့မှာ ဖြစ်ပြီး လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Electreon to deploy its first wireless EV charging road system in the U.S.

အဲဒီ ကားလမ်းဟာ ရပ်နားထားတဲ့ ကားတွေ သာမက သွားနေတဲ့ ကားတွေကိုပါ ကြိုးမဲ့ အားသွင်းပေးနိုင်ပြီး လက်ရှိမှာ ၁ မိုင် အရှည် တည်ဆောက်ဖို့ လျာထားပါတယ်။ ElectReon က အဲဒီ နည်းပညာကို Inductive Charging လို့ နာမည်ပေးထားပြီး ကားလမ်းအောက်မှာ ကော့ပါးကွိုင်တွေကို မြှပ်နှံထားပါတယ်။ အဲဒီကနေ လျှပ်စစ်စွမ်းအင်ကို ကားအောက်ခြေမှာ တပ်ဆင်ထားတဲ့ Receiver ဆီပေးပို့ပေးမှာ ဖြစ်ပြီး အဲဒီကနေတစ်ဆင့် ကား အင်ဂျင်နဲ့ ဘက်ထရီဆီ စေလွှတ်ပေးမှာ ဖြစ်ပါတယ်။

wireless charging road for electric vehicles Off 66% - canerofset.com

ElectReon ဟာ အစ္စရေး ကုမ္ပဏီ ဖြစ်ပြီး လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို အဓိက ဖန်တီးနေတာ ဖြစ်ပါတယ်။ မီချီဂန်က ကားလမ်း စီမံကိန်းကို ElectReon က ဦးဆောင်မှာ ဖြစ်ပြီး Jacobs Engineering Group , NextEnergy တို့နဲ့ ပူးပေါင်းကာ ဒီစီမံကိန်းကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

ElectReon က အမေရိကန် ပြည်ထောင်စုရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တိုးတက်အောင် ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန် ဈေးကွက်ကို ဝင်ရောက်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်လို့ ပြောပါတယ်။

Ref : techtimes

%d bloggers like this: