ရေစိုခံ USB-C iPhone ကို ဒေါ်လာ ၃၀၀၀ နဲ့ ရောင်းချ

Apple ရဲ့ iPhone ဟာ စွမ်းရည်ပြည့်စုံပြီး လူကြိုက်များတဲ့ စမတ်ဖုန်း ဖြစ်ပေမယ့် လူတချို့က Lightning Connector အစား USB-C Port ကို လိုချင်နေကြပါတယ်။ အဲဒီအတွက် ဒီဇိုင်း အင်ဂျင်နီယာ Ken Pillonel က iPhone X ရဲ့ Lightning Connector နေရာမှာ USB-C Port ကို ပြောင်းလဲ တပ်ဆင်ကာ ကမ္ဘာ့ ပထမဆုံး USB-C iPhone ကို ဖန်တီးရောင်းချခဲ့ပါတယ်။ အဲဒီ ဖုန်းကို ဒေါ်လာ ၈၆,၀၀၀ နဲ့တောင် ရောင်းချနိုင်ခဲ့ကာ မြန်မာငွေနဲ့တွက်ရင် သိန်း ၁,၅၀၀ ကျော်တောင်ရခဲ့တာပါ။

အခုလို ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့တဲ့အတွက် တခြား လူတွေကလည်း USB-C iPhone ကို တီထွင်လာကြပါတယ်။ အဲဒီအထဲက ၁ ယောက်က Gernot Jobstl ဖြစ်ပြီး ကမ္ဘာ့ ဒုတိယမြောက် USB-C iPhone ကို ဖန်တီးရောင်းချခဲ့ပါတယ်။ သူက အဲဒီ ဖုန်းမှာ ရေစိုခံ စွမ်းရည်ကိုပါ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။

iPhone

ဒါပေမယ့်လည်း ကမ္ဘာ့ ပထမ USB-C iPhone လို ဈေးများများ မရခဲ့ဘဲ ဒေါ်လာ ၃,၀၀၀ ပဲရခဲ့ပါတယ်။ သူ့ရဲ့ ဖုန်းဟာ ကမ္ဘာ့ ပထမဆုံး ရေစိုခံ USB-C iPhone လို့ ပြောနိုင်ပေမယ့် စားသုံးသူတွေကို မစွဲဆောင်နိုင်ခဲ့ပါဘူး။ Jobstl က USB-C Port ပါတဲ့ iPhone X ကို YouTube Video ၁ ခုမှာ ပြသခဲ့ပါတယ်။

အဲဒီ ဖုန်းမှာ Fast Charging နဲ့ အာမခံ မပါတာတို့လို အားနည်းချက်တချို့ကြောင့် လူသိပ်မကြိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။ Apple ဟာ နောက်ထုတ်မယ့် မော်ဒယ်တွေမှာ USB-C Port ကို ပြောင်းလဲ အသုံးပြုလာနိုင်ပြီး တချို့ ဖုန်း ကုမ္ပဏီတွေဟာ Port မလိုတဲ့ အားသွင်းနည်းပညာတွေကိုတောင် စတင် ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

Apple ရဲ့ နောက်ဆုံးထွက် MagSafe နည်းပညာနဲ့ တခြား တီထွင်မှုတွေကြောင့် အနာဂတ် iPhone တွေမှာ အားသွင်းဖို့ Lightning Port တောင် လိုအပ်မှာ မဟုတ်တော့ပါဘူး။ အဲဒီအတွက် Jostl ရဲ့ ရေစိုခံ USB-C iPhone ကို လူတွေ စိတ်မဝင်စားတော့တာ ဖြစ်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: