TV နဲ့ အဝတ်လျှော်စက်ကိုတောင် လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ 27,000,000mAh Powerbank

စမတ်ဖုန်းနဲ့ လက်ပ်တော့တွေအတွက် Powerbank များစွာထွက်ပေါ်လာပါပြီ။ ဒါပေမယ့် အီလက်ထရောနစ် ကိရိယာတွေဟာ စွမ်းအင်စားသုံးမှု ပိုများလာတဲ့အတွက် စွမ်းရည်မြင့် Powerbank တွေ လိုအပ်လာပါပြီ။ အခုတော့ တရုတ်က ဆယ်လီ ၁ ယောက်က TV ကို‌တောင် လျှပ်စစ် ဓါတ်အားပေးနိုင်တဲ့ 27,000,000 mAh Powerbank ကို တီထွင်လိုက်ပါတယ်။

Handy Geng ဟာ “I Made a 27,000,000 mAh Portable Power Bank” အမည်ရ ဗီဒီယို ၁ ခုကို မကြာခင်က Weibo နဲ့ YouTube မှာ လွှင့်တင်ခဲ့ပါတယ်။ သူဟာ လျှပ်စစ်ကားတွေရဲ့ အောက်ခြေမှာတွေ့ရလေ့ရှိတဲ့ အရွယ်ကြီး ပြားချပ်တဲ့ ဘက်ထရီ ၁ ခုကို ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာ အရွယ်ကြီး Powerbank နဲ့ တူအောင် ဒီဇိုင်း ပြုလုပ်ခဲ့ပြီး အပြင်ဘက်ကို ငွေရောင် သတ္တု Case နဲ့ ဖုံးအုပ်ခဲ့ပါတယ်။

27-million-mah-power-bank-casing

အဲဒီနောက်မှာ Input Charging Port ၁ ခုနဲ့ 220V အထိ ထောက်ပံ့တဲ့ Output Charging Port ၆၀ ကို တပ်ဆင်ခဲ့ပါတယ်။ သူက စမတ်ဖုန်း ၊ တက်ဘလက်နဲ့ လက်ပ်တော့ အပါအဝင် Device ၂၀ ကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

27-million-mah-power-bank-casing

အဲဒီ Powerbank ရဲ့ 220V Voltage က TV ၊ အဝတ်လျှော်စက်နဲ့ လျှပ်စစ် မီးဖိုတွေကိုတောင် လျှပ်စစ် ဓါတ်အားပေးနိုင်ပါတယ်။ အရွယ်အစား ကြီးမားတဲ့အတွက် အဲဒီ Powerbank ဟာ Portable တော့ မဖြစ်ပေမယ့် နေအိမ်မှာ မီးပျက်သွားတဲ့အခါမှာတော့ အရမ်းကို အသုံးဝင်ပါတယ်။

Ref : gizmochina

%d bloggers like this: