တရုတ် ကုမ္ပဏီ ၁ ခုက ကမ္ဘာကြီးရဲ့ တစ်နေရာကနေ အခြား တစ်နေရာကို အလွန်လျှင်မြန်စွာ ပျံသန်း ပို့ဆောင်ပေးနိုင်တဲ့ အာကာသ လေယာဉ်ကို ဖန်တီးနေပါတယ်။ သူ့ရဲ့ နည်းပညာက ထူးခြား ဆန်းသစ်ပြီး အာကာသ သို့မဟုတ် ကမ္ဘာပတ်လမ်းကြောင်းကနေ ခရီးသွားတာ ဖြစ်ပါတယ်။
အရွယ်သေး ခရီးသည်တင် လေယာဉ် ပါတဲ့ Tianxing I အမည်ရ ဒုံးပျံဟာ မြေပြင်ကနေ ဒေါင်လိုက် ပျံတက်သွားမှာ ဖြစ်ပြီး လုံလောက်တဲ့ အမြင့်ပေ ရောက်ရင် လေယာဉ်ဟာ ဒုံးပျံကနေ ခွာထွက်သွားမှာ ဖြစ်ကာ အာကာသကို ရောက်သွားမှာပါ။ အာကာသမှာ လေယာဉ်ဟာ ၁ နာရီကို ၂,၆၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ဦးတည်ရာကို ရောက်ရင် ကမ္ဘာမြေကို ပြန်လည် ဆင်းသက်လာမှာ ဖြစ်ပါတယ်။
ဘေဂျင်း အခြေစိုက် Space Transportation Company က အာကာသလေယာဉ်ကို တီထွင်နေတာ ဖြစ်ပြီး အာကာသလေယာဉ်ဟာ Concorde လေယာဉ် အမြန်နှုန်းထက် ၂ ဆ ပိုမြန်ပါတယ်။ နယူးယောက်ကနေ ဘေဂျင်း သို့မဟုတ် နယူးယောက် ကနေ လန်ဒန်ကို ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်ပါတယ်။
Space Transportation က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ အာကာသ လေယာဉ်ရဲ့ အလုပ်လုပ်ပုံကို ဗီဒီယိုနဲ့ သရုပ်ပြသထားပါတယ်။ ကုမ္ပဏီက အာကာသ လေယာဉ်ကို ၂၀၂၄ ခုနှစ်မှာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားပါတယ်။
Ref : dailmail
You must log in to post a comment.