Brand Directory ရဲ့ သုတေသန စစ်တမ်းအသစ် ၁ ခု အရ Apple ဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Brand Directory ရဲ့ တွက်ချက်မှုအရ Apple ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၅၅.၁ ဘီလီယမ်ရှိပါတယ်။ ဒါဟာ Brand Directory ရဲ့ တွက်ချက်မှု ဖြစ်ပြီး Apple ရဲ့ တကယ့် ဈေးကွက် တန်ဖိုး မဟုတ်ပါဘူး။ ဒီလ အစောပိုင်းမှာပဲ Apple ဟာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့တာပါ။
Brand Directory ရဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းကိုအောက်မှာ လေ့လာနိုင်ပါတယ်။
1 – Apple
2 – Amazon
3 – Google
4 – Microsoft
5 – Walmart
6 – Samsung Group
7 – Facebook
8 – ICBC (Industrial and Commercial Bank of China)
9 – Huawei
10 – Verizon
Apple ရဲ့ တန်ဖိုးဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၅ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပြီး Google က နံပါတ် ၃ နေရာကို ရထားပါတယ်။ Samsung Group ဟာ နံပါတ် ၆ နေရာမှာ ရှိပြီး တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၂၅ ခု စာရင်းထဲမှာ ပါတဲ့ တစ်ခုထဲသော ကိုရီးယား ဘရန်း ဖြစ်ပါတယ်။
နံပါတ် ၉ နေရာကို ရထားတာက Huawei ဖြစ်ပြီး ၂၀၂၁ ခုနှစ်က နံပါတ် ၂၁ နေရာကထက် တိုးတက်လာတာပါ။ TikTok ကတော့ တစ်ကမ္ဘာလုံးမှာ အလျှင်မြန်ဆုံး တိုးတက်လာတဲ့ ဘရန်း ဖြစ်လာပါတယ်။
Ref : gsmarena