ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနိုင်တဲ့ AirCar ကို ရောင်းတော့မည်

ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်နိုင်တဲ့ AirCar ကို အာဏာပိုင်တွေက ခွင့်ပြုပေးလိုက်ပြီလို့ တီထွင်သူ ပါမောက္ခ Stefan Klein က ပြောပါတယ်။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ ကားပျံကို နာရီပေါင်း ၇၀ ကြာ စမ်းသပ်ပျံသန်းပြခဲ့ရသလို မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင်ကို အတက်၊ အဆင်း ၂၀၀ ကျော် ပြုလုပ်ပြခဲ့ရပါတယ်။ အတက်၊ အဆင်း ပြုလုပ်ချိန်မှာ ပိုင်းလော့ရဲ့ ထိန်းချုပ်မောင်းနှင်မှု မလိုအပ်ဘူးလို့ သိရပါတယ်။

AirCar - driving

AirCar မှာ 1.6 Litre BMW အင်ဂျင် ၁ လုံး ထည့်သွင်းထားပြီး လျှပ်စစ် 16KW မော်တာ ထောက်ကူထားပါတယ်။ လောင်စာဆီနဲ့ မောင်းနှင်ရတာ ဖြစ်ပြီး အမြန်နှုန်း အနေနဲ့ တစ်နာရီကို မိုင် ၁၀၀ ၊ အမြင့်အနေနဲ့ ပေ ၈၀၀၀ ကျော် မောင်းနှင်နိုင်ပါတယ်။

AirCar - interior

ကားကနေ လေယာဉ်ပျံ အသွင်ပြောင်းဖို့ အချိန် ၂ မိနစ်နဲ့ ၁၅ စက္ကန့်ပဲ လိုအပ်ပြီး အင်ဂျင်နီယာ ၈ ယောက်က ကားပျံကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တီထွင်ဖို့ နာရီပေါင်း ၁၀၀,၀၀၀ ကျော် အချိန်ယူခဲ့ရပြီး ကားပျံဟာ အလေးချိန် ၁၀၀၀ ကီလိုဂရမ်ရှိကာ လူ ၂ ယောက် စီးနင်းနိုင်ပါတယ်။

AirCar - side

တီထွင်တဲ့ ကုမ္ပဏီ Klein Vision က လာမယ့် ၁၂ လအတွင်းမှာ ရောင်းချပေးဖို့ မျှော်လင့်ထားတယ်လို့ ပြောပြီး ကားပျံကို မောင်းနှင်ဖို့ ပိုင်းလော့ လိုင်စင် လိုအပ်ပါတယ်။

Ref : autoexpress

%d bloggers like this: