လူမှုကွန်ရက် ဂုရုကြီး Meta ဟာ AI Supercomputer ကို တည်ဆောက်တဲ့ နောက်ဆုံး နည်းပညာ ကုမ္ပဏီ ဖြစ်လာပါတယ်။ အဲဒီ မြန်နှုန်းမြင့် Computer ဟာ Machine Learning System တွေကို လေ့ကျင့်ပေးဖို့ အထူး ဒီဇိုင်းထုတ်ထားတာပါ။ Meta က အဲဒီ Computer ကို AI Research SuperCluster or RSC လို့ နာမည်ပေးထားပြီး သူ့ အမျိုးအစားထဲမှာ အမြန်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ တည်ဆောက်တာ ပြီးစီးမှာ ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာမယ်လို့ ကြွေးကြော်ထားပါတယ်။
Meta CEO Mark Zuckerberg က “ Meta ဟာ ကမ္ဘာ့ အမြန်ဆုံး AI Supercomputer ကို ဖန်တီးနေပါတယ်။ RSC or AI Research SuperCluster လို့ နာမည်ပေးထားပြီး ဒီနှစ်လယ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
RSC ကို Meta ရဲ့ လုပ်ငန်းများစွာက စနစ်တွေကို လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ Facebook နဲ့ Instagram က အမုန်းစကားတွေကို ရှာဖွေပေးနိုင်တဲ့ Content Moderation Algorithm ကနေ ကုမ္ပဏီရဲ့ အနာဂတ်ထုတ် AR Hardware မှာ သုံးမယ့် Augmented Reality လုပ်ဆောင်ချက်တွေအထိ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Meta ဖန်တီးနေတဲ့ အတုအယောင် ကမ္ဘာ Metaverse အတွက် RSC က မရှိမဖြစ် အရေးပါလာမှာ ဖြစ်ပါတယ်။
“ ဥပမာပေါင်း ထရီလီယမ်ကနေ လေ့လာသင်ကြားဖို့၊ မတူညီတဲ့ ဘာသာစကားများစွာနဲ့ အလုပ်လုပ်ဖို့၊ စာသား ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို လေ့လာဆန်းစစ်ဖို့၊ Augmented Reality Tools အသစ်တွေ ဖန်တီးဖို့ စတဲ့ Meta ရဲ့ AI သုတေသနလုပ်ငန်းတွေကို RSC က ကူညီပေးနိုင်ပါတယ်။ “ လို့ Meta က ရေးသားထားပါတယ်။
Ref : theverge
You must log in to post a comment.