ဘေဂျင်း အိုလံပစ်ပွဲကို ဖုန်းတွေမယူသွားဖို့ အားကစားသမားတွေကို အမေရိကန် တိုက်တွန်း

အမေရိကန် အိုလံပစ် ကော်မတီက နောက်လ တရုတ်မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပွဲကို ကိုယ်ပိုင် ဖုန်းတွေ မယူသွားဘဲ တစ်ခါသုံး ဖုန်းတွေပဲ ယူသွားကြဖို့ အားကစားသမားတွေကို တိုက်တွန်းထားတယ်လို့ The Wall Street Journal က သတင်းရထားပါတယ်။ အဲဒီ အကြံပေးချက်ကို ပြီးခဲ့တဲ့ နှစ်က ၂ ကြိမ်တောင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး တရုတ်ဟာ ဒစ်ဂျစ်တယ် ထောက်လှမ်းမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အခုလို အကြံပေးထားတာပါ။

US athletes asked to use burner phones at Beijing Olympics amid surveillance concerns | Android Central

အမေရိကန် အစိုးရက “ Device အားလုံးက ဆက်သွယ်မှု၊ ငွေပေးချေမှုနဲ့ အွန်လိုင်း အသုံးပြုမှု အားလုံးကို တရုတ်က စောင့်ကြည့်လေ့လာနိုင်ပြီး Malware တွေ ထည့်သွင်းနိုင်ပါတယ်။ “ လို့ သတိပေးထားပါတယ်။ ဗြိတိန်၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကလည်း ကိုယ်ပိုင် အီလက်ထရောနစ် ကိရိယာတွေ တရုတ်ကို မယူသွားဖို့ အားကစားသမားတွေကို သတိပေးထားတယ်လို့ သိရပါတယ်။

US Athletes Are Being Urged To Bring Burner Phones To Beijing For The Olympics, So Let The Shenanigans Commence | Barstool Sports

အမေရိကန် အိုလံပစ် ကော်မတီက စိုးရိမ်နေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်မှာ တရုတ်ဟာ Xinjiang ဒေသထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေရဲ့ ဖုန်းတွေမှာ Spyware တွေ အင်စတောလုပ်နေတာကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ လုံခြုံရေး တင်းကြပ်ထားတဲ့ အဲဒီ ဒေသမှာ လူနည်းစု မွတ်စလင် လူမျိုးတွေ ဖြစ်တဲ့ Uyghurs တွေ နေထိုင်ပြီး တရုတ်ဟာ အဲဒီလူမျိုးတွေကို ထောင်ချတာ၊ ငြင်းပန်းနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

ဒါ့အပြင် သုတေသနအဖွဲ့ Citizen Lab က အိုလံပစ်ပွဲလာတဲ့ လူတိုင်း ထည့်သွင်းရမယ့် တရုတ်ရဲ့ My2022 Olympic App မှာ လုံခြုံရေး ဟာကွက်များစွာ ရှိပြီး ဒေတာတွေ ခိုးယူတာ၊ စုံစမ်းထောက်လှမ်းတာနဲ့ Hack တာ ခံရနိုင်တယ်လို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: