Rolls-Royce ရဲ့ လျှပ်စစ် လေယာဉ်ဟာ ကမ္ဘာ့ အမြန်ဆုံး အဖြစ် စံချိန်တင်သွားပြီ

Rolls-Royce တည်ဆောက်ထားတဲ့ လျှပ်စစ် လေယာဉ်ဟာ ကမ္ဘာ့ အမြန်ဆုံး စံချိန် ၂ ခုကို တင်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ Rolls-Royce ရဲ့ Spirit of Innovation လျှပ်စစ် လေယာဉ်ဟာ ၃ ကီလိုမီတာ အကွာအဝေးကို ၁ နာရီလျှင်  ၅၅၅.၉ ကီလိုမီတာ အမြန်နှုန်း၊ ၁၅ ကီလိုမီတာ အကွာအဝေးကို ၁ နာရီလျှင် ၅၃၂.၁ ကီလိုမီတာ အမြန်နှုန်းရခဲ့ပါတယ်။

အဲဒီ ပျံသန်းမှု ၂ ခုစလုံးကို လေယာဉ် စမ်းသပ်တဲ့ ကွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုတော့ World Air Sports Federation က တရားဝင် အသိအမှတ်ပြုလိုက်ပါပြီ။ Rolls-Royce က ထူးခြားပြောင်မြောက်မှု အရှိဆုံး အောင်မြင်မှုလို့ ပြောပါတယ်။

Rolls-Royce 'Spirit of Innovation' Is the World's Fastest All-Electric Aircraft

UK Ministry of Defence ရဲ့ Boscombe Down စမ်းသပ်ကွင်းမှာ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပြီး   ၃ ကီလိုမီတာ အကွာအဝေးကို ၁ နာရီလျှင် ၂၁၃.၀၄ ကီလိုမီတာ ရခဲ့တဲ့ အရင်စံချိန်ကို ကျော်တက်နိုင်ခဲ့တာပါ။

တတိယ စံချိန်က အချိန်အမြန်ဆုံး ပျံတက်နိုင်တဲ့ အမြင့် ဖြစ်ပြီး ၂၀၂ စက္ကန့်အတွင်း မီတာ ၃၀၀၀ ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ စံချိန်ကိုတော့ အတည်ပြု စစ်ဆေးနေဆဲ ဖြစ်ပြီး မှန်ကန်တယ်ဆိုရင် အရင်စံချိန်ထက် ၆၀ စက္ကန့် လျော့နည်းသွားမှာ ဖြစ်ပါတယ်။

Ref : bbc

%d bloggers like this: