နောက်မျိုးဆက် WiFi နည်းပညာဟာ မကြာခင် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ထိုင်ဝမ် အခြေစိုက် Semiconductor ထုတ်လုပ်သူ MediaTek က ကမ္ဘာ့ ပထမဆုံး အနေနဲ့ WiFi 7 နည်းပညာကို သရုပ်ပြသမှု အောင်မြင်ခဲ့ပါတယ်။ ကုမ္ပဏီက နောက်နှစ်မှာ WiFi 7 ထုတ်ကုန်တွေ ထွက်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
MediaTek ရဲ့ သရုပ်ပြသမှုမှာ WiFi 7 ဟာ WiFi 6 ထက် ၂.၄ ဆ ပိုမြန်ပြီး အဲဒီ အမြန်နှုန်းနဲ့ဆိုရင် 25Gb 4K BlueRay ရုပ်ရှင်ကို စက္ကန့်ပိုင်းအတွင်း Download လုပ်ပေးနိုင်ပါတယ်။ WiFi Alliance က WiFi 7 ဟာ 30Gbps ကိုကျော်ကာ 40Gbps အထိ ရရှိနိုင်တယ်လို့ ပြောပါတယ်။ အရင်မျိုးဆက် WiFi 6 ကတော့ 9.6Gbps အထိပဲ ရနိုင်ပါတယ်။
WiFi 7 ဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ၊ ပီစီနဲ့ Consumer Device တွေအတွက် အရမ်း စွဲဆောင်မှုရှိပြီး Cloud Gaming နဲ့ 8K Video Streaming တွေလို စွမ်းအင်များစွာလိုတဲ့ အလုပ်တွေကို နိုင်နိုင်နင်းနင်း ထောက်ပံ့ပေးနိုင်ပါတယ်။ 8K Streaming နဲ့ Cloud Gaming တွေကို အထစ်အငေါ့ မရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Ethernet Cable တွေရဲ့ တည်ငြိမ်မှုနဲ့ အမြန်နှုန်းကို WiFi 7 က ပံ့ပိုးပေးနိုင်ပါတယ်။ MediaTek က WiFi 7 ဟာ မြန်နှုန်းမြင့် အင်တာနက်အတွက် Wireline/Ethernet တွေကို အကောင်းဆုံး အစားထိုးပေးနိုင်တဲ့ ပထမဆုံး WiFi နည်းပညာလို့ ပြောပါတယ်။
Ref : interestingengineering
You must log in to post a comment.