SkyDrive က အရွယ်အစား ကျစ်လစ်သေးငယ်တဲ့ ကားပျံကို ပြသ

တိုကျို အခြေစိုက် လေယာဉ် နည်းပညာ ကုမ္ပဏီ SkyDrive က အရွယ်အစား ကျစ်လစ်သေးငယ် ပေါ့ပါးတဲ့ ကားပျံ SD-03 ကို ၂၀၂၀ ခုနှစ်မှာ ပြသခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စွမ်းရည် ပိုမြင့်မားအောင်တီထွင်ခဲ့ပါတယ်။ အခုတော့ စွမ်းရည်ပြည့် မော်ဒယ်ကို လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ CES 2022 မှာ ပြသလိုက်ပြီး ဂျပန်နိုင်ငံ ပြင်ပမှာ အဲဒီ နည်းပညာကို ပထမဆုံး ပြသလိုက်တာ ဖြစ်ပါတယ်။

SkyDrive unveils ultra-compact flying vehicle at CES 2022.

SkyDrive ရဲ့ ကားပျံဟာ မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပြီး လျှပ်စစ်ကား ဖြစ်တဲ့အတွက် ကာဘွန်ထုတ်လွှင့်မှု မရှိပါဘူး။ မြို့တွင်း သွားလာမှုတွေမှာ အသုံးပြုနိုင်သလို အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးချနိုင်ပါတယ်။

ကားပျံဟာ ၄ မီတာ ရှည်ပြီး ၄ မီတာ ကျယ်ကာ ၂ မီတာ မြင့်ပါတယ်။ မြေပြင်မှာ ရပ်နားထားရင် ကား ၂ စီးစာ နေရာယူပါတယ်။ လေရဟတ်တွေကို မောင်းနှင်ပေးတဲ့ လျှပ်စစ် မော်တာတွေ တပ်ဆင်ထားပြီး ကားပျံကို လူ ၁ ယောက်ပဲ စီးနင်းနိုင်ပါတယ်။ အမြန်ဆုံးနှုန်း အနေနဲ့ တစ်နာရီကို ၅၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး လက်ရှိမှာ ၁၀ မိနစ်ပဲ မောင်းနှင်နိုင်ပါသေးတယ်။

“SD-03 မော်ဒယ်ကို ဒရုန်း နည်းပညာနဲ့ လေယာဉ် နည်းပညာတွေနဲ့ပူးပေါင်း တည်ဆောက်ထားတာပါ။ အနာဂတ်မှာ SkyDrive ရဲ့ ကားပျံဟာ သင့် ကားပါကင်မှာ နေရာယူလာနိုင်မှာ ဖြစ်ပြီး မြို့တွင်း ခရီးသွားလာမှုအတွက် ဝန်ဆောင်မှုပေးနိုင်တော့မှာပါ။ “ လို့ SkyDrive ရဲ့ အကြီးအကဲ Takehiro က ပြောပါတယ်။

Ref : inceptivemind

 

%d bloggers like this: