ကုန်တင် ရထား ထုတ်လုပ်သူ Wabtec Corporation က Carnegie Mellon University နဲ့ ပူးပေါင်းကာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် ကုန်တင် ရထားကို ပြသလိုက်ပါတယ်။ FLXdrive လို့ နာမည်ပေးထားပြီး ကုမ္ပဏီက ကမ္ဘာ့ ပထမဆုံး ၁၀၀ ရာနှုန်းပြည့် ဘက်ထရီ လျှပ်စစ် ကုန်တင် ရထားလို့ ပြောပါတယ်။ Wabtec က အဲဒီ ရထားကို ရောင်းချပေးလိုက်ပါပြီ။
လျှပ်စစ် ရထားကို သမားရိုးကျ ဒီဇယ် အင်ဂျင်နဲ့ တွဲဖက်နိုင်ပြီး လောင်စာဆီ စားသုံးမှု ၁၁ ရာခိုင်နှုန်းကျော်နဲ့ ကာဘွန် ထုတ်လွှင့်မှု ၁၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး လောင်စာဆီ ၆,၂၀၀ ဂါလန် သက်သာစေမှာ ဖြစ်သလို ကာဘွန် ထုတ်လွှင့်မှု ပမာဏ ၆၉ တန် လျော့နည်းစေမှာပါ။
၂၀၂၁ ခုနှစ် အစောပိုင်းမှာ FLXdrive ကို ကယ်လီဖိုးနီးယားမှာ ၃ လကြာ အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ပြီး ဘာစတိုးနဲ့ စတော့တန်အကြားမှာ မိုင်ပေါင်း ၁၃,၀၀၀ မောင်းနှင်ခဲ့ပါတယ်။ ကုန်တင် လျှပ်စစ် ရထားမှာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ ဆဲလ်ပေါင်း ၂၀,၀၀၀ ကျော် တပ်ဆင်ထားပြီး ပေါင် ၄၃၀,၀၀၀ အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ တစ်နာရီကို ၇၅ မိုင် အမြန်နှုန်းနဲ့ မိုင် ၃၅၀ အကွာအဝေးကို မောင်းနှင်နိုင်ပါတယ်။
Wabtec ဟာ ကာဘွန် လုံးဝ မထုတ်လွှင့်တဲ့ နောက်မျိုးဆက် ကုန်တင် လျှပ်စစ်ရထားကို တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
Ref : inceptivemind