လျှပ်စစ်ကားတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ ကားလမ်းတွေ တကယ် ပေါ်လာတော့မည်

အိမ်စီးကား၊ ဘတ်စ်ကားနဲ့ ထရပ်ကားတွေ မောင်းနှင်ရာကနေထွက်လာတဲ့ တုန်ခါမှုတွေကနေ ကားလမ်းတွေဟာ စွမ်းအင် ထုတ်ယူနိုင်ပြီး အဲဒီစွမ်းအင်ကနေ လျှပ်စစ်ကားတွေကို အားဖြည့်ပေးတဲ့ နည်းပညာကို သိပ္ပံရုပ်ရှင်ကားတွေမှာပဲ တွေ့ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီနည်းပညာဟာ တကယ် ဖြစ်လာတော့မှာပါ။

ElectReon ဟာ အစ္စရေး ကုမ္ပဏီ ဖြစ်ပြီး ကားလမ်းကနေ လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ နည်းပညာကို ဖန်တီးနေပါတယ်။ ကားလမ်းအောက်မှာ ကော့ပါးကွိုင်တွေကို ထည့်သွင်းထားပြီး အဲဒီကနေ ထွက်လာတဲ့ လျှပ်စစ်လှိုင်းတွေကနေ ကားတွေကို အားသွင်းပေးတဲ့ နည်းပညာကို ကုမ္ပဏီက ဖန်တီးနေပါတယ်။ ကားအောက်ခြေမှာ တပ်ဆင်ထားတဲ့ Receiver ကနေ စွမ်းအင်ကို ရယူနိုင်ပြီး ဘက်ထရီကို အားဖြည့်ပေးတာပါ။ ဒီဇင်ဘာလမှာ ကုမ္ပဏီဟာ ဂျာမနီမှာ ပထမဆုံး ကြိုးမဲ့ လျှပ်စစ် ကားလမ်း စနစ်ကို ပြသခဲ့ပြီး လျှပ်စစ် ဘတ်စ်ကားကို ကားလမ်းကနေ အားသွင်းပေးတာကို စမ်းသပ်သရုပ်ပြသခဲ့ပါတယ်။

electric road

ဆွီဒင်က Elonroad ကလည်း ကားလမ်းကနေ လျှပ်စစ်ကားတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ သူ့ရဲ့ လျှပ်စစ်ကားလမ်းပေါ် ဖြတ်သွားတဲ့ ကားတွေကို အလိုအလျှောက် ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။

EV bus charging

အီတလီက Underground Power က ကားတွေကို အရှိန်လျှော့စေတဲ့ စမတ် Speed Bumps ကို ဖန်တီးနေပါတယ်။ ကားတွေ အရှိန်လျှော့တဲ့အခါမှာ တာယာရဲ့ ပွတ်တိုက်မှုကနေ စွမ်းအင်ကို ရယူပေးတဲ့နည်းပညာ ဖြစ်ပါတယ်။

speed bumps

တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ အားသွင်းစက် ကွန်ရက်တွေဟာ တော်တော်နည်းနေပါသေးတယ်။ အခုလို ကားလမ်းကနေ လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် သုံးနိုင်တော့မှာပါ။

Ref : tnw

%d bloggers like this: