၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၅၄ သန်းနဲ့ YouTube မှာ ဝင်ငွေ အများဆုံးရခဲ့တဲ့ MrBeast

MrBeast လို့ လူသိများတဲ့ အသက် ၂၃ နှစ်အရွယ် အမေရိကန် နိုင်ငံသား Jimmy Donaldson ဟာ ၂၀၂၁ ခုနှစ်အတွင်း YouTube မှာ ဝင်ငွေ အများဆုံးရသွားတဲ့ Content Creator ဖြစ်လာတယ်လို့ Forbes က ဖော်ပြထားပါတယ်။ သူ့ရဲ့ ဆန်းသစ်တဲ့ စတန့်တွေကို ကြည့်ရှုမှုအရေအတွက်ဟာ ၁၀ ဘီလီယမ်ကျော်ရှိပြီး ဝင်ငွေ ၅၄ သန်း ရခဲ့ပါတယ်။

Jake Paul (left)

ပြီးခဲ့တဲ့ ၂ နှစ် ဆက်တိုက် ဝင်ငွေ အများဆုံး ဖြစ်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးကစားစရာ အရုပ်တွေကို Review ပြုလုပ်တဲ့ Ryan Kaji ကို ၂၀၂၁ ခုနှစ်မှာ သူက ကျော်တက်သွားတာပါ။ ၂၀၂၁ ခုနှစ်မှာ ဝင်ငွေ အများဆုံး YouTuber  ၁၀ ယောက်ရဲ့ ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာ သန်း ၃၀၀ ရှိပါတယ်။

Ryan's World YouTube art.

Jake Paul ဟာ နံပါတ် ၂ နေရာကို ရထားပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ထိပ်ဆုံး ၁၀ ယောက်နေရာကို ပထမဆုံး ပြန်ပါလာခဲ့တာပါ။ သူ့ ညီ Logan Paul ဟာလည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ထိပ်ဆုံး ၁၀ ယောက် စာရင်းထဲ ပြန်ပါလာခဲ့ပါတယ်။

Seven-year-old Nastya is the only female in the top 10

Unspeakable လို့ လူသိများတဲ့ Mindcraft ကစားသူ Nathan Graham ဟာ နံပါတ် ၅ နေရာကို ရထားပြီး ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲ ပထမဆုံး အကြိမ်ပါခဲ့တာပါ။ အသက် ၆ နှစ်အရွယ် ရုရှား ကလေးငယ် Natsya ဟာ နံပါတ် ၆ နေရာကို ရထားပြီး YouTube မှာ Subscriber သန်း ၉၀ နီးပါး ရှိပါတယ်။

Ref : bbc

 

%d bloggers like this: