အသက် ၁၉ နှစ်အရွယ် Hacker ၁ ယောက်က Tesla ကား အစီး ၂၀ ကျော်ကို ထိန်းချုပ်ထားနိုင်

ဆယ်ကျော်သက် ၁ ယောက်ဟာ နိုင်ငံများစွာက Tesla ကား အစီးရေ ၂၀ ကျော်ကို အဝေးကနေ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး ကားပိုင်ရှင်တွေကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ သူ ထိန်းချုပ်ထားနိုင်တဲ့ အရာတွေက အရမ်းများပြားပြီး တကယ်လို့သာ ဒီလို Hack နည်းကို မသမာသူတွေ သိသွားမယ်ဆိုရင် ကားပိုင်ရှင်တွေအတွက် အန္တရာယ်ရှိပါတယ်။

အသက် ၁၉ နှစ်အရွယ် IT လုံခြုံရေး ပညာရှင် David Columbo က နိုင်ငံ ၁၀ ခုမှ Tesla ကား အစီးရေ ၂၀ ကျော်ကို ပိုင်ရှင်တွေ မသိဘဲ ထိန်းချုပ်ထားနိုင်ပြီလို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ သူက Hack လိုက်တဲ့ နည်းလမ်း အသေးစိတ်ကို မပြောပေမယ့် Tesla ရဲ့ ဆော့ဖ်ဝဲ အားနည်းချက်ကြောင့် မဟုတ်ဘဲ ပိုင်ရှင်တွေရဲ့ အမှားကြောင့် ဒီလို Hack နိုင်တာလို့ ပြောပါတယ်။

Colombo (pictured) told DailyMail.com that ‘it is not a vulnerability in Teslas infrastructure but indeed caused by the Tesla owners and a third party,’ he said, confirming it is a third part software that is at fault

Columbo က ကားတွေရဲ့ တည်နေရာ အတိအကျကို ရှာဖွေတာ၊ လုံခြုံရေး စနစ်ကို ပိတ်တာ၊ တံခါးနဲ့ပြတင်းပေါက်တွေကို ဖွင့်တာ၊ သီချင်းနဲ့ YouTube Video တွေကို ဖွင့်တာတွေ အပြင် တခြား အရာတွေကို ထိန်းချုပ်နိုင်တယ်လို့ ပြောပါတယ်။ ကားကို အဝေးကနေ ထိန်းချုပ်မောင်းနှင်လို့တော့ မရပေမယ့် ကားတည်နေရာကို ခြေရာခံပြီး ကားတံခါးကို ဖွင့်နိုင်တဲ့အတွက် ခိုးယူခံရနိုင်ပါတယ်။

Columbo က အဲဒီ လုံခြုံရေးဟာကွက်အကြောင်း Tesla ကို အသိပေးထားပြီး ကုမ္ပဏီက ပြဿနာအရင်းအမြစ်ကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

Ref : techspot

%d bloggers like this: