ကမ္ဘာ့ ပထမဆုံး အနေနဲ့ မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ ဝက် နှလုံးကို လူမှာ အစားထိုး ထည့်သွင်းနိုင်ခဲ့

အသက်သေစေနိုင်လောက်တဲ့ နှလုံးရောဂါ ဖြစ်ပွားနေတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ ဝက် နှလုံးကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမဆုံး အနေနဲ့ ဒီလို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး ကိုယ်တွင်း အင်္ဂါ အစားထိုးမှု လိုအပ်တဲ့ လူသန်းပေါင်းများစွာအတွက် အကျိုးရှိစေတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

Dr. Bartley Griffith, left, performed the operation on David Bennett Sr. to receive a new heart from a genetically modified pig. 

ပြီးခဲ့တဲ့ သောကြာနေ့က နှလုံး အစားထိုး ခွဲစိတ်မှုပြုလုပ်ခဲ့တာ ဖြစ်ပြီး ခွဲစိတ်ချိန်ဟာ ၈ နာရီတောင် ကြာမြင့်ခဲ့ပါတယ်။ လူနာ ဖြစ်သူ David Bennett ဟာ တနင်္လာနေ့မှာ နေကောင်းကျန်းမာလာပြီလို့ University of Maryland Medical Center မှ ခွဲစိတ်ဆရာဝန်တွေက ပြောပါတယ်။

US surgeons transplant a PIG heart into a human in world first | Daily Mail Online

Maryland Medical Center ရဲ့ နှလုံးအစားထိုး ကုသမှု ဌာနမှ ဒါရိုက်တာ ဒေါက်တာ Bartley Griffith က “ အစားထိုးထားတဲ့  နှလုံးက အလုပ်ကောင်းကောင်းလုပ်ပြီး ပုံမှန် ဖြစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အရမ်း ဝမ်းသာပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါမျိုး အရင်က မလုပ်ခဲ့ဖူးပါဘူး။ “ လို့ ပြောပါတယ်။

ကိုယ်တွင်း အင်္ဂါ အစားထိုးစရာ မရှိတာကြောင့် လူတွေ နေ့စဉ် သေဆုံး နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ အမေရိကန် လူမျိုး ၃,၈၁၇ ယောက်ဟာ လှူဒါန်းထားတဲ့ နှလုံးတွေကို အစားထိုးခဲ့ကြပါတယ်။ ဒါပေမယ့် နှလုံး လိုအပ်ချက်တွေကတော့ မြင့်မားနေတုန်း ဖြစ်ပါတယ်။

Ref : nytimes

%d bloggers like this: