Tim Cook ရဲ့ လုပ်အားခဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ ရှိလာ

Apple ရဲ့ အကြီးအကဲ Tim Cook ရဲ့ ၂၀၂၁ ခုနှစ် အတွက် လုပ်အားခဟာ တခြား ဝန်ထမ်းတွေထက် ၁,၄၄၇ ဆ ပိုများပြီး ဒေါ်လာ သန်း ၁၀၀ နီးပါးရှိလာတယ်လို့ အမေရိကန် ဈေးကွက် အာဏာပိုင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Tim Cook's net worth is now over $1 billion after 2021 | AppleInsider

ကပ်ရောဂါ ကာလအတွင်း လူတွေဟာ နေအိမ်ကနေ အလုပ်လုပ်လာကြတဲ့အတွက် Apple ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဝယ်လိုအား အရမ်းများလာခဲ့ပါတယ်။ Apple ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ဝင်ငွေဟာ ၃၀ ရာခိုင်နှုန်း  တိုးတက်ခဲ့ပြီး ဒေါ်လာ ၃၆၅.၈၂ ဘီလီယမ် ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့်ပဲ Apple ဟာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Tim Cook says he owns cryptocurrency - The Verge

Cook ရဲ့ ၂၀၂၁ ခုနှစ်အတွက် လုပ်ခလစာဟာ ဒေါ်လာ ၃ သန်းရှိပြီး ဒေါ်လာ ၈၂.၃ သန်းတန် စတော့တွေကို ဆုကြေးအဖြစ် ရရှိခဲ့ပါတယ်။ Apple ရဲ့ ရည်မှန်းချက်တွေ ပြည့်မှီအောင်လုပ်နိုင်တဲ့အတွက် ဒေါ်လာ ၁၂ သန်းနဲ့ လေကြောင်း ခရီးစားရိတ်၊ ပင်စင်နဲ့ အာမခံတွေအတွက် ဒေါ်လာ ၁.၄ သန်းကိုလည်း Cook ရရှိခဲ့ပါတယ်။ စုစုပေါင်း အနေနဲ့ Cook ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၉၈.၇ သန်းရခဲ့ပြီး ၂၀၂၀ ခုနှစ်က ၁၄.၈ သန်းနဲ့ ယှဉ်ရင် အများကြီး တိုးတက်လာတာပါ။

Apple တည်ထောင်သူ Steve Jobs ဟာ ကင်ဆာနဲ့ မကွယ်လွန်ခင် အနားယူသွားပြီးနောက် ၂၀၁၁ ခုနှစ် ဩဂုတ်လမှာ Cook ဟာ စီအီးအိုနေရာကို တာဝန်စတင်ယူခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကစတွက်ရင် Apple ရဲ့ စတော့တွေဟာ ၁,၀၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။

Ref : bangkokpost

%d bloggers like this: