ဖုန်းတွေကို ၄ ရက် ၁ ကြိမ်ပဲ အားသွင်းစရာလိုမယ့် IBM ရဲ့ 2nm Chip

စမတ်ဖုန်းတွေရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို စွမ်းဆောင်ရည် မကျစေဘဲ သေးငယ်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို ဖန်တီးလာကြပါတယ်။ အထူးသဖြင့် Semiconductor တွေ ဖြစ်ပြီး စမတ်ဖုန်း ၊ လက်ပ်တော့နဲ့ ကွန်ပြူတာတွေကို မောင်းနှင်ပေးနေတဲ့ Processor တွေကို ဆိုလိုတာပါ။ IBM ရဲ့ ကမ္ဘာ့ ပထမဆုံး 2nm Chip က စမတ်ဖုန်းတွေရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို စွမ်းအင် စားသုံးမှု နည်းပါးအောင် လျှော့ချပေးနိုင်ပါတယ်။

IBM's 2nm Chip Heralds Apple's M4 Mac Mini | Mac O'Clock

ဒီနေ့ခေတ် စွမ်းရည်မြင့် စမတ်ဖုန်း အများစုမှာ 5nm or 7nm FinFET Processor တွေကို အသုံးပြုထားပါတယ်။ 5nm Chipက ၁ မီလီမီတာ ပတ်လည်ကို Transistor ၁ သန်း လျှော့ချပေးနိုင်ပြီး 2nm Chip က သန်း ၃၀၀ ကျော် လျှော့ချပေးနိုင်ပါတယ်။ IBM က အဲဒီအတွက် စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။

IBM 2nm chips envision phones with four-day battery life

Transistor တွေများလေလေ စွမ်းရည်ပိုလိုအပ်သလို ၊ စွမ်းအင် စားသုံးမှု ပိုများစေပါတယ်။ IBM ရဲ့ 2nm Chip က လက်ရှိ Chip တွေထက် စွမ်းအင် စားသုံးမှု ၇၅ ရာခိုင်နှုန်း နည်းပါးပါတယ်။ စွမ်းအင် စားသုံးမှု အရမ်းနည်းပါးတဲ့အတွက် ဖုန်းတွေကို ၄ ရက် ၁ ကြိမ်ပဲ အားသွင်းဖို့လိုတော့မယ်လို့ တွက်ချက်ထားကြပါတယ်။

IBM ရဲ့ 2nm Chip ဟာ မကြာခင် ထွက်လာမှာတော့ မဟုတ်ဘဲ နှစ်အနည်းငယ် ကြာဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှာ Silicon မလုံလောက်မှုတွေ ဖြစ်နေတာကြောင့်လည်း နှောင့်နှေးနိုင်ပါတယ်။

Ref : slashgear

%d bloggers like this: