ကမ္ဘာ့ ပထမဆုံး အရောင်ပြောင်းတဲ့ ကားကို ပြသလိုက်တဲ့ BMW

သင် ဝယ်ယူချင်တဲ့ ကားအရောင်ကို ဝေခွဲမရ ဖြစ်နေရင် BMW မှာ သင် စိတ်ကြိုက်ဖြစ်မယ့် ကားရှိပါတယ်။ BMW က Consumer Electronics Show (CES) 2022 မှာ အရောင်ပြောင်းတဲ့ ကားကို ပြသလိုက်ပြီး ဒါဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။ Concept ကား ဖြစ်ပြီး BMW iX Flow လို့ နာမည်ပေးထားပါတယ်။

A BMW concept using e-ink to automatically change the paint color on a car from white to black and back again

အဲဒီကားမှာ E-reader တွေမှာ သုံးထားတဲ့ အီလက်ထရောနစ် စက္ကူ နည်းပညာ ဖြစ်တဲ့ E Ink နည်းပညာကို အသုံးပြုထားပါတယ်။ “ BMW iX Flow ရဲ့ မျက်နှာပြင် Coating မှာ လူ့ ဆံချည်မျှင် အထူရဲ့ အချင်းလောက်ပဲရှိတဲ့ Microcapsules သန်းပေါင်းများစွာ ထည့်သွင်းထားပါတယ်။ လျှပ်စစ်လှိုင်းနဲ့ လှုံ့ဆော်လိုက်တဲ့အခါမှာ အရောင်တွေ ပြောင်းလဲသွားပါတယ်။ “ လို့ BMW က ရှင်းပြပါတယ်။

အဲဒီ ကားဟာ  BMW ရဲ့ အရောင်းပြခန်းတွေမှာ မကြာခင် ရောက်လာမှာတော့ မဟုတ်သေးဘဲ BMW က သုတေသန ပြုလုပ်နေတုန်းလို့ ပြောပါတယ်။ စမတ်ဖုန်း App ကနေ ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ အရောင်တွေ ပြောင်းလဲပေးနိုင်ပြီး လက်ရှိမှာ အဖြူ၊ အနက်နဲ့ အညိုရောင်တွေပဲ ပြောင်းပေးနိုင်ပါသေးတယ်။ ဒါပေမယ့် BMW က နောက်ပိုင်းမှာ အရောင်များစွာ ပြောင်းလဲနိုင်မယ်လို့ ပြောပါတယ်။

ကား နယ်ပယ်မှာ Personalization ဟာ အရမ်းကို ရေပန်းစားနေပါတယ်။ ဒါပေမယ့် အများစုဟာ ကားအတွင်းပိုင်းနဲ့ ဆော့ဖ်ဝဲတွေကိုပဲ အဓိက ဖန်တီးနေကြပါတယ်။ အခုတော့ BMW က ကားအပြင်ပိုင်းကိုပါ Personalization လုပ်နိုင်အောင် ကြိုးစားနေပါတယ်။

Ref : theverge

%d bloggers like this: