Redmi K50 Series ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး အခုတော့ အဲဒီ သတင်းဟာ အမှန်တကယ် ဖြစ်လာပါပြီ။ Xiaomi က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Teaser ၁ ခုကို မျှဝေလိုက်ပြီး Redmi K50 Series ကို နောက်လ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ ကြေညာမယ့် နေ့ရက်ကို မသိရသေးပါဘူး။ Pro Version မှာ 120W Fast Charging နဲ့ Snapdragon 8 Gen 1 Chipset ပါမယ်လို့ Xiaomi က အတည်ပြုထားပါတယ်။
Redmi K50 Pro ရဲ့ ဘက်ထရီက 4,700mAh ဖြစ်ပြီး ၁၇ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တာက တော်တော်မိုက်ပါတယ်။ အဲဒါဟာ Redmi Note 11 Pro+ နဲ့ Xiaomi Brand အောက်ကထုတ်တဲ့ တချို့ ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ 120W စံနှုန်းနဲ့ တူညီပါတယ်။ အခုတော့ အဲဒီ စံနှုန်းဟာ K Series တွေမှာ ပါလာတော့မှာပါ။
Redmi က K50 Pro မှာ Liquid-cooled Heat Dissipation ထက် ၂ ဆ ပိုစွမ်းရည်မြင့်တဲ့ Dual Vapor Chamber ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ အပူချိန် အလျှော့ချပေးနိုင်ဆုံး Snapdragon 8 Gen 1 စမတ်ဖုန်းလို့ Xiaomi က ညွှန်းဆိုထားပါတယ်။
Ref : gsmarena
You must log in to post a comment.