လောင်စာ ၈ ဂရမ် ထည့်ထားတာနဲ့ နောက်ထပ် လောင်စာ ထည့်စရာမလိုဘဲ နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်တဲ့ ကားဟာ အနဂတ်မှာ တကယ် ဖြစ်လာတော့မှာပါ။ ကမ္ဘာပေါ်မှာ သိပ်သည်းဆ အများဆုံး ဖြစ်တဲ့ Thorium လောင်စာကို အဲဒီကားမှာ အသုံးပြုထားမှာပါ။
Thorium ရဲ့ သိပ်သည်းဆဟာ တစ်ကုဗစ်မီတာမှာ ၁၁.၇ ဂရမ် ရှိပြီး စွမ်းအင်များစွာကို သိုလှောင်နိုင်ပါတယ်။ အဲဒီ သိပ်သည်းဆဟာ ကျောက်မီးသွေးထက် အဆပေါင်း သန်း ၂၀ ပိုများပါတယ်။ အဲဒီအတွက် Thorium အနည်းငယ်ရဲ့ စွမ်းအင်ဟာ လောင်စာဆီ သို့မဟုတ် ကျောက်မီးသွေး ပမာဏ များစွာနဲ့ တူညီပါတယ်။ Thorium ၁ ဂရမ်ရဲ့ စွမ်းအင်ဟာ လောင်စာဆီ ၂၈,၀၀၀ ဂါလန်နဲ့ ညီမျှပါတယ်။
Thorium ဟာ လူသားတွေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပြီး ဓါတ်ငွေ့ထုတ်လွှင့်မှု နည်းပါးစေမှာ ဖြစ်ပါတယ်။ လောင်စာဆီတွေကနေ ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ဓါတ်ငွေ့ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ပေးမှာပါ။ ဒါပေမယ့် Thorium ဟာ ရေဒီယို သတ္တိကြွတဲ့အတွက် ဘေးကင်းစိတ်ချရတဲ့ စနစ်ကို ဖန်တီးဖို့ လိုအပ်ပါတယ်။
Laser Power Systems က Thorium နဲ့ မောင်းနှင်တဲ့ ကားကို ဖန်တီးနေပြီး အဲဒီကားသာ တကယ် ဖန်တီးနိုင်ပြီဆိုရင် ကမ္ဘာကြီးနဲ့ လူသားတွေအတွက် အကျိုးများစွာ ရှိစေမှာပါ။
Ref : alienhistory
You must log in to post a comment.